
မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။
ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။
“လားရှိုးဆွေးနွေးမှု ပျက်ပြီ
တရုတ်အထူး ယဉ်တန်း စစ်တပ်က ပစ်ခတ် ၊ ပြသာနာ
တက်နေကုန်ပြီ ၊ MNDAA တပ်ဖွဲ့ ထောင်ချီ ပြန်ဝင်လာ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရပြီး သတင်း လုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက အမည်ကိုလည်း တုပထားတာတွေ့ရပါတယ်။
ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “လားရှိုးအရေး တရုတ်သံရုံးထုတ်ပြန်ချက် ထောင်နှင့်ချီသော မြန်မာပြည်သူတို့ ပြင်းထန်စွာ ကန့်ကွက်”ဆိုတဲ့ သတင်းနဲ့ တခြားသောအကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
မြန်မာစစ်တပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီလို့ ဆိုတာ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။ တရုတ်ရဲ့ ကြားဝင်မှုနဲ့ လားရှိုးကို မြန်မာစစ်တပ်က ပြန်လည်အုပ်ချုပ်နေပြီဖြစ်တယ်။
ပြောဆိုချက်- မြန်မာစစ်တပ်နဲ့ MNDAA အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး MNDAA တပ်ဖွဲ့ဝင်ထောင်ချီ လာရှိုးကို ပြန်ဝင်လာပြီ

Title:Fact Check: လားရှိုးဆွေးနွေးမှု ပျက်ပြီး MNDAA ပြန်ဝင်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False