
ရွေးကောက်ပွဲရက်တစ်ဖြေးဖြေးနီးလာတာနဲ့အမျှ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှု၊ သတင်းတုသတင်းမှားရေးသား ဖြန့်ဝေမှုတွေ အရှိန်အဟုန်နဲ့ပြုလုပ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ပိုမိုနာမည်ကြီး လာခဲ့သူ Orchid ဟိုတယ်လုပ်ငန်းပိုင်ရှင် ဦးဌေးအောင်နဲ့ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေလည်း အပါအဝင်ဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဦးဌေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြိုင် မယ့် ဉတ္တရသီရိ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။
ပုံနှိပ်မီဒီယာတစ်ခုမှာ ဖော်ပြထားဟန်ရှိပြီး ဦးဌေးအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်ဖို့ ရွေးချယ်တာဟာ ကမ္ဘာသိဖို့ဖြစ်ပြီး နိုင်ဖို့မဟုတ်ဘူး စသည့်ဖြင့် ပြောကြားတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို အောက် ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီကိစ္စနဲ့ပတ်သက်ပြီး Orchid ဦးဌေးအောင်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ဆက်သွယ် အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြားပါတယ်။
“ဟုတ်တယ် အတုကြီးပါဗျာ။ ကျွန်တော်လည်း မဖြေရှင်းတာကလေ အဲဒါတွေလိုက်ရှင်းနေရင် ပြီးမှာ မဟုတ်ဘူး ဆိုပြီးတော့ လူတွေ သူဘာသာသူဆုံးဖြတ်ပါစေဆိုပြီးတော့ ဒီမှာက အတိအလင်းပြောပြီးသားပါ ကျွန်တော် ဘာသာ ကျွန်တော်ပဲ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ်ပြောပြီးသား။ ဒီနေ့လည်း အတုတစ်ခုထွက်ပါတယ်။ အဲဒါ အစ်မကြီးပြိုင်တဲ့နေရာမှာ လိုက်ပြိုင်မယ်ဆိုတာလည်း အတုပါပဲ။ အဲဒါလည်း ကျွန်တော် လုံးဝမပြောပါဘူး။ ကော့မှူးလည်းပြိုင်ဖို့ မရှိတော့ပါဘူး။ ကြိုပြောလိုက်ပါမယ်။ ကျွန်တော်က boycott ပေါ့။ ဒီလိုပဲ ရွေးကောက်ပွဲကော်မရှင်က လုပ်နေမယ်ဆိုရင် ကျွန်တော် မပြိုင်တော့ဘူးလို့ ကျွန်တော် နောက်ဆုံးသတင်း ပြောထားတာပါ။ နဂိုကတည်းက ကျွန်တော်ပြောထားတာ အဲဒါအတုကြီး” လို့ ဦးဌေးအောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း အထောက်အထားမရှိဘဲ ပါတီတာဝန်ရှိသူတွေကလည်း ငြင်းဆိုထားတဲ့အတွက် လူမှုကွန်ယက်မှာ အသုံးပြုသူ တွေ အကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ ဒီသတင်းအချက်အလက်ကို အချက်အလက် မှားအဖြစ် Fact Crescendo Myanmar က စိစစ်သတ်မှတ်ခဲ့ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ ဦးဌေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြိုင် မယ့် ဉတ္တရသီရိ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ အချက်အလက်ကို သတင်းတုသတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်ပြိုင်မယ့် ဉတ္တရသီရိက ဉီးဌေးအောင်ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False