မြန်မာစစ်ကောင်စီကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်က တိုက်တွန်းခဲ့တယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တု ဖြစ်တာတွေ့ရတယ်။
ယူကျူ့မှာဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မြန်မာစစ်ကောင်စီကို စစ်ရေးနဲ့ အရေးယူဖို့ပြောပြီ
နယူးဇီလန်ကတော့ ပြတ်ပြတ်သားသား ကြေညာ
တရုတ်လည်း ဝင်စွက်ဖက်လို့ မရတော့ဘူး”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး ပြန်လည်ဖြန့်ချိရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ် ဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို တုပထားပြီး မကြာခဏဆိုသလို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ တရုတ်ပံ့ပိုးမှုမရှိရင် မြန်မာစစ်တပ်ဟာ အာဏာ ဆက်လက်ထိန်း ထားဖို့ မဖြစ်နိုင်တဲ့ မြန်မာစစ်အုပ်စုကို ထောက်ခံနေမှုအပေါ် ပြန်လည်စဉ်းစားဖို့ တရုတ်ကို နယူးဇီလန် လွှတ်တော်အမတ် Phil Twyford တိုက်တွန်းတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ အောက်တိုဘာ ၄ ရက်က နယူးဇီလန် လွှတ်တော်မှာ လုပ်တဲ့ ကြားနာပွဲမှာ ပြောကြားတဲ့ သတင်းကို ပြန်လည်မျှဝေထားတာတွေ့ရတယ်။ ဒီသတင်းထဲမှာ မင်းအောင်လှိုင်ဟာ တရုတ်ရဲ့ ပံ့ပိုးကူညီမှု မရှိဘဲနဲ့ အာဏာကို ရနိုင်မှာမဟုတ်ကြောင်း၊ မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ တရုတ်က ပါဝင်နေတာဖြစ်ကြောင်း၊ ဒီကိစ္စဟာ အင်အားကြီးမားပြီး လေးစားစားရတဲ့ နိုင်ငံကြီးတစ်ခုရဲ့ အပြုအမူမဟုတ်တာ တွေ့ရကြောင်း စသည်ဖြင့် တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် ရပ်တည်ချက်တွေကို ဝေဖန် ပြောကြားချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ မြန်မာစစ်တပ်အပေါ် အရေးယူဖို့အကြောင်း မပါဝင်ပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ “မန္တလေး-မုံရွာလမ်းပေါ် ဆက်ကြေး ကောက်နေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး ၁၁ ဦး ထိခိုက်ဒဏ်ရာရဟုဆို”၊ လူထုနွေဦး သတင်းဌာနက ဖော်ပြခဲ့တဲ့ “ရွေးကောက်ပွဲနီးလာ၍ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှုပိုကျူးလွန်လာဟု NUG ပြော”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြ ထားတယ်၊
သုံးသပ်ချက်
မြန်မာစစ်အုပ်စုကို ထောက်ခံနေမှုအပေါ် ပြန်လည်စဉ်းစားဖို့ တရုတ်ကို နယူးဇီလန် လွှတ်တော်အမတ် Phil Twyford မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်ပြော
ပြောဆိုချက်- မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်ပြော

Title:Fact Check: မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်ပြောဆိုတဲ့ သတင်းခေါင်းစဉ်တု
Fact Check By: နေရာမောင်Result: False