ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“အမေစုနဲ့ ဦးဝင်းမြင့် ထွက်လာပြီ
ကျားဖြန့်အမှု ကို ဖုံးကွယ်ဖို့ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို
မင်းအောင်လှိုင် ချက်ချင်း လွှတ်ပေးလိုက်လို့ လန့်ကုန်ပြီ ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေး လိုက်ပြီဆို ထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။
ဒီအပြင် ဗွီဒီယိုထဲပါ ရုပ်ကတ်ဓာတ်ပုံတချို့ဟာ ဉာဏ်ရည်တု(A))နည်းပညာအသုံးပြု ဝက်ဘ်ဆိုဒ်တွေက ဖန်တီးထားတဲ့ ဓာတ်ပုံတွေ အသုံးပြထားတာတွေ့ရတယ်။ ဥပမာအားဖြင့် အောက်မှာဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အကျဉ်းထောင်အပေါက်ဝက အဝတ်အစားအိတ် ဆင်တူနဲ့ ထွက်လာတယ်တဲ့ ဓာတ်ပုံဟာ AI နဲ့ အလွယ်တကူပြုလုပ်နိုင်ပါတယ်။

သုံးသပ်ချက်
ဗွီဒီယိုကို လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့ “The Daily Lens” ယူကျူ့ချန်နယ်က ဖြန့်ဝေထားခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးတဲ့အထောက်အထား ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ “
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေး
Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

