Fact Check: အမေရိကန် သမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“ယနေ့ တစ်ကမ္ဘာလုံး အံ့သြကုန်တဲ့ သတင်းကြီး

 အမေရိကန် သမ္မ နဲ့ ဒေါ်ဇင်မာအောင် 

တွေ့ခွင့်ရပြီး လေယာဉ်အစီး ၂ဝ ရပြီဟေ့”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်မှုတွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုံးဝလုပ်ကြံပြောဆိုတာတွေ၊ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့  “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဂျာမနီနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပခဲ့တဲ့ (၆၂) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference)တက်ရောက်ခဲ့”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ 

ဒီလိုပဲ နောက်ထပ်ပါဝင်တဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာဖော်ပြခဲ့တဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ စစ်ကိုင်းနဲ့ ပတ်သက်တဲ့ မိန့်ခွန်းအပြီး မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းခရီးစဉ်သွားရောက်တဲ့ အကြောင်းအရာတွေပါဝင်တယ်။ 

သုံးသပ်ချက်

“The Daily Lens”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာဖော်ပြခဲ့တဲ့ မြူးနစ်လုံခြုံရေးညီလာခံ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်တဲ့ သတင်းနဲ့ စစ်ခေါင်းဆောင် စစ်ကိုင်းတိုင်း ခရီးစဉ်သတင်းတွေကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့တာဖြစ်စေ အမေရိကန်ဆီက လေယာဉ် အစီး ၂၀ အကူအညီရတယ်ဆိုတာဖြစ်စေ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- အမေရိကန် သမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရ

Avatar

Title:Fact Check: အမေရိကန် သမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *