တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ ဖျားနေတဲ့သူက ဝက်သားစား လို့ဖြစ်တာလား

Misleading ဆေးဘက်ဆိုင်ရာ၊ | Medical

တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ အပြင်းအထန်ဖျားနေတဲ့သူတစ်ယောက်နဲ့ ဝက်သားတုံး ပုံတွေပါတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

“ဝက်သားကြိုက်သူများ ခများ သတိထားကြပါ ဗျ” ဆိုပြီးတော့ “Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တိုက်ကြီး သူ/သား များဆုံစည်းရာ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ပေါင်း ၁ သောင်း ၆ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒီပို့စ်မှာ ဓာတ်ပုံ ၄ ပုံပါဝင်တာတွေ့ရပြီး ဝက်သားတုံးပုံ ၂ ပုံနဲ့ အဖုအပိန့်တွေနဲ့ ဖျားနာနေသူတစ်ယောက်ရဲ့ အနီးကပ်မျက်နှာပုံ နှစ်ပုံပါဝင်တာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီပုံတွေထဲက အဝတ်စိမ်းတစ်ခုခေါင်းပေါ်တင်ထားတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေမယ် ဆိုရင် ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ခမာဘာသာ စကားရေးသားထားထားတဲ့ လူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

 ၂၀၁၉ ဇူလိုင် ၉ ရက်မှာ khmerpart အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့သတင်းစာသားကို Google Translate အသုံးပြုပြီး ခမာဘာသာ စကားကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုကြည့်ရာမှာ ပို့စ်အတော်များများက ဒီရောဂါဘာရော လဲဆိုတော့ သိတဲ့ဆရာဝန်များရှိရင် ဆက်သွယ်ကူညီပေးပါစသည်ဖြင့် ရေးသားထား တာတွေ့ရပါတယ်။ ဇူလိုင် ၁၁ ရက်မှာတော့ cambotrend  အမည်နဲ့ဝက်ဘ်ဆိုဒ်က အဖုအပိန်တွေထပြီး အပြင်းအထန်ဖျားနေ တဲ့သူဟာ ဝက်တုပ်ကွေးသံသယလို့ပြောနေတဲ့အကြောင်းရေးသားခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

နောက်ထပ် ဝက်သားတုံးပုံတွေကို ရှာကြည့်မယ်ဆိုရင်လည်း Jenny အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၁၉ ခုနှစ် ဇူလိုင် ၁၄ ရက်မှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်နေတာကြောင့် ဝက်သားရှောင်ဖို့နဲ့ ဗီယက်နမ်က တင်သွင်းတဲ့ ဝက်သားကိုမစားဖို့ ရေးသားထားတဲ့ ပို့စ်မှာ ပထမဆုံး ဒီပုံကို သုံးထားတာတွေ့ရပြီး အခုလို ဖျားနေတဲ့သူပုံမပါဝင်တွေ့ရပါတယ်။

ဝက်တွေကိုဖျားနာစေတဲ့ H1N1 ပိုးမျိုးကွဲကနေ လူတွေကို ကူးစက်ပြီး လူအချင်းချင်း ကူးစက်တဲ့ရောဂါကို ဝက်တုပ်ကွေးရောဂါလို့ခေါ်တာဖြစ်ပြီး ဝက်တွေမှာရှင်သန်ပေမဲ့လည်း ချက်ပြုတ်ထားတဲ့ဝက်သားကိုစားခြင်းဖြင့် ရောဂါမရနိုင်ပါဘူးလို့လည်းဆေးဘက်ဆိုင်ရာပညာပေးဆောင်းပါးတွေရေးသားနေတဲ့ hellosayarwon ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Hellosayarwon

အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာနကလည်း ဝက်သားစားခြင်းကြောင့် ဝက်တုပ်ကွေး မကူးနိုင်ဘူး လို့ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

CDC

ထို့အတူ အာဖရိက ဝက်အပြင်းဖျားရောဂါလို့ခေါ်တဲ့ ကူးစက်မြန်ပြီး ဝက်တွေအပြင်းဖျားကာ အမြောက်အများ သေဆုံးစေနိုင်တဲ့ အာဖရိကဝက်တုပ်ကွေး(African Swine Flu)ရောဂါဟာ လူကိုကျန်းမာရေးဆိုင်ရာ ပြဿနာပေးတာမျိုးမရှိဘူးလို့ ကမ္ဘာ့တရိစ္ဆာန်ကျန်းမာရေးအဖွဲ့က ပြောကြားထားတာတွေ့ရပါတယ်။

OIE

ဝက်တုပ်ကွေး (Swine Flu-H1N1) ကူးစက်ပျံ့နှံ့ခြင်းမရှိမရှိစောင့်ကြည့်လျက်ရှိပြီး မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေး (Swine Flu-H1N1) ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင့် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက  ထုတ်ပြန်ထားတာတွေ့ ရပါတယ်။ ဇူလိုင် ၁၀ ရက်မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကကြေညာခဲ့တဲ့ ကြေညာချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=EWJ-cH6M73E

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်အရ တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ အပြင်းအထန်ဖျားနေ တဲ့သူတစ်ယောက်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၉ ခုနှစ်  ဇူလိုင်လထဲမှာ ပျံ့နှံ့နေတဲ့ပို့စ်က ဓာတ်ပုံဖြစ်တာတွေ့ ရပြီး ဝက်သားစားလို့ အခုလိုဖြစ်ရတယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရှိရပါဘူး။

Avatar

Title:တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ ဖျားနေတဲ့သူက ဝက်သားစား လို့ဖြစ်တာလား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *