
သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။
“Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ ဒီနေရာ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ပြည်တွင်းအခြေစိုက်သတင်းမီဒီယာတွေရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ ဒီပို့စ်နဲ့ပတ်သက်တဲ့ သတင်းတစုံတရာဖော်ပြထားတာမတွေ့ရပါ။ဒါ့အပြင် ဒီပို့စ်မှာ တည်းခိုခန်းအမည်မပါတာကိုလည်း တွေ့ရမှာပါ။
ဆက်လက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာကျော်စွားဦးကို Factcrescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ကျွန်တော်တို့မြို့နယ်အနေနဲ့ ဒါမျိုးမရှိသေးပါဘူး၊ လတ်တလောအချိန်ထိကို သင်္ဃန်းကျွန်းရဲ့ Lock Downစားရင်းထဲမှာ ဟိုတယ်တို့၊ တည်းခိုခန်းတို့ တစ်ခုမှမရှိသေးပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းဟာသတင်းအမှားဖြစ်နေတာတွေ့ရပါတယ်။

Title:သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False