Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်​ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။

သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

မူရင်းလင့်ခ် –  Fb linkArchive link 

အချက်အလက်စိစစ်ချက်

မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့  ဒီစေတီကို ၂၀၀၀ ခုနှစ်မှာ ပြုပြင်လှူဒါန်းတဲ့ အလှူရှင်ဖြစ်တဲ့ Daw ThiThi Mar အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဒီဘုရားဟာ အရင်ကတည်းက နဂါးခေါင်း ပုံစံဖြစ်ပြီး နဂါးခေါင်းအဖြစ် ပြုပြင်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်း ထားတာတွေ့ရပါတယ်။

“ဘုရားစတင်ပြင်တုန်းကပုံပါ အစတည်းက နဂါးဘုရားပါ ကျမတို့မိသားစု ၂၀၀၀ ခုနှစ်ကပြုပြင်ခဲ့တာပါ ဘုရား ကိုပြင်တဲ့အချိန်တုန်းက ဆရာတော်ဘုရားကြီးကမိန့်ပါတယ် ရှေးနှစ်ပေါင်း1000လောက်က မင်းအဆက်ဆက် လူဒါန်းခဲ့ကြတာမို့နဂို နဂါး အမိုးနဲ့ဘဲထားပါလို့မိန့်ပါတယ် အရင်တုန်းကကားလမ်းမပေါက်လို့ မနက်အစော သွားမှ တောလမ်းကနေ ရေချောင်းဖြတ်ရပါတယ်နေ့ဝက်လောက်မှရောက်ပါတယ် အဲ့အချိန်ကလူသူမရှိပါဘူး ခုချိန်မှ ကားလမ်းပေါက်လို့ လူသူပေါလာတဲ့သိမ်ဖြစ်ပါတယ်”

မူရင်းလင့်ခ်- Fb link | Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းပုံနဲ့ ထီးတင်တာတဲ့စေတီအဖြစ်မျှဝေနေတဲ့ပို့စ်ဟာ သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *