Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရေးသားတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအတွက်တရားစွဲမယ်လို့ ရှေ့နေက ကြေညာဆိုတဲ့ သတင်းတု သတင်းမှားဖြန့်ဝေ

False နိုင်ငံရေး | Politics

“အမျိုးဖျက်မ၊ ဖာသည်မ”လို့ Facebook မှာဖြစ်စေ အပြင်မှာဖြစ်စေ သုံးရင်တရားစွဲမယ်လို့ ရှေ့နေက ကြေညာ တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်ဟာ သတင်းစာဖြတ်ပိုင်းတစ်ခုမှာ ကြေညာဟန်နဲ့ မျှဝေထားခြင်းဖြစ်ပြီး “အမျိုးဖျက်မ၊ ဖာသည်မ”စတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအသုံးနှုန်းလည်းပါဝင်ပါတယ်။ ဒီစကားလုံးတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားဖြစ်တဲ့အတွက် ရှေ့နေက သတိပေးတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။

သို့သော်လည်း မျှဝေထားတဲ့ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီကြေညာမှာပါတဲ့ ရှေ့နေကလည်း ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားထားတယ်လို့ ပြောဆိုထားပါတယ်။

“ဗုဒ္ဓဘာသာကို စော်ကားတာ သာသနာကို နှိမ့်ချနေတာ မြင်တွေ့နေကြပြီပေါ့ ရှေနေကြီးရယ် ခင်ဗျာတို့ရဲ့ ဥပဒေမှာ ဗုဒ္ဓဘာသာကို စော်ကားရင် ကင်းလွှတ်ခွင့်များ ပြုထားကြပါသလား.” လို့ရေး သားပြီး “Ko Tun” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပအတိုင်း မျှဝေထားပါတယ်။ ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူမျှဝေထားပါတယ်။ ဒီဓာတ်ပုံပို့စ်ဟာ ဇူလိုင်လလောက်ကတည်းက အွန်လိုင်းမှာ စတင်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အခုလိုရေးသားမျှဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က ဒီကြေညာ မှာပါတဲ့ အမည်ဖြစ်တဲ့ ရှေ့နေ ဦးမျိုးမော်ကို ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။

“ကျွန်တော် ဘာမှမလုပ်ပါဘူး။ ဘယ်သူလုပ်သွားလဲမသိဘူး။ ကျွန်တော်တို့ ရှေ့နေက အဲလိုလည်း ရေးလို့မရဘူး။ ကျွန်တော်လေ အဲဒါနဲ့ပတ်သက်ပြီး စမ်းချောင်းရဲစခန်းမှာ case တိုင်ထားတယ်။ လွန်ခဲ့တဲ့ ၃၊ ၄ လလောက်က ကျွန်တော်ကို အဲလိုလုပ်တယ်ဆိုပြီးတော့။ ကျွန်တော်ဆိုရင် အဲဒီတစ်ခုမက ရှေ့မှာ မင်းကင်းဦးမောင်မြင့် ဆိုလာ အဲလိုမျိုးဟာ တစ်ခုပါသွားတယ်။ ကျွန်တော့ကို လုပ်လုပ်နေတာ ကျွန်တော် ဘယ်လိုလုပ်ရမှန်းမသိဘူး။ မဟုတ်ဘူး မဟုတ်ဘူး ဖြေရှင်းပြန်ရင်လည်း တစ်မျိုးဖြစ်ဦးမယ်”

ဒီမှာပါတဲ့ စကားလုံးတွေဟာ ရှေ့နေတစ်ယောက်အနေနဲ့ သုံးနှုန်းလေ့ရှိတဲ့ အသုံးအနှုန်းမျိုးလည်းမဟုတ်သလို ဒီစကားလုံးတွေဟာ သတင်းစာတစ်ခုမှာထည့်ကြေညာလို့ရတဲ့ အသုံးအနှုန်းမျိုးလည်း မဟုတ်ပါဘူးလို့ ရှေ့နေဉီးမျိုးမော်ကပြောပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားနဲ့ ပတ်သက်ပြီး ရှေ့နေက တရားစွဲမယ်လို့ ကြေညာချက်ဟာ ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီးရှေ့နေက ကြေညာဟန်ရေးသားထားတာတွေ့ရပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရေးသားတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအတွက်တရားစွဲမယ်လို့ ရှေ့နေက ကြေညာဆိုတဲ့ သတင်းတု သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *