
ပြီးခဲ့တဲ့နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးသူ ၂သန်းကျော်လောက်ပိုနေပြီး NLDပါတီနဲ့ ပြညထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းမဲလိမ်တယ်ဆိုတဲ့ ရေးသားနေတာတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေံရပါတယ်။
ဒီပို့စ်မှာ “UECလူပေါင်းမှားသွားပြီ ပုံစံ (၁၉)ဖြင့် လူ ၂သန်းကျော်ထိ NLDပါတီနှင့် UECလက်ဝါးရိုက် တရားမဝင် မဲလိမ်မှုပေါ်ပေါက် မဲပေးခွင့်ရှိသူ ၃၇-သန်း၊ မဲပေးခဲ့တဲ့ အရေအတွက်က ၃၉သန်းကျော်နေ၊ UECမရှင်းနိုင်လျှင် တစ်ဖွဲ့လုံးအင်းစိန်ရောက်မည်”လို့ ရေးသားနေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

မူရင်းလင့်ခ် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ယခုရွေးကောက်ပွဲမှာ မဲပေးသူ လူဦးရေ ဘယ်လောက်ပမာဏရှိတယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ရေတွက်ဆဲသာရှိသေးကြောင်းကို နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်တဲ့ကော်မရှင်သတင်းစာရှင်းပွဲမှာ ရှင်းပြသွားပါတယ်။အောက်ပါ့ဗွီဒီယိုဖိုင်ရဲ့ ၁နာရီ ၁၀ မိနစ် မှာပြောဆိုထားတာကို လေ့လာနိုင်ပါတယ်။ မဲပေးခွင်ရှိသူ ၃၇သန်း ၂သိန်းရှိတဲ့အကြောင်းကို ၁နာရီ ၃၁မိနစ်မှာ ပြောဆိုသွားတာကိုတွေ့ရပါတယ်။ဒါ့အပြင့် ရွေးကောက်မှာ မဲပေးခွင့်ရှိသူရဲ့ ၇၀ရာခိုင်နှုန်းကျော်လောက်သာ မဲပေးခဲ့ကြောင်းကိုလည်း ဗွီဒီယိုဖိုင်ရဲ့ ၁နာရီ ၂၁ မိနစ်လောက်မှာ ထည့်သွင်းပြောကြားသွားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မဲပေးသူ ၂သန်းကျော်ပိုနေတယ်ဆိုတဲ့အချက်ဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။