Fact Check: NLDပါတီရဲ့ချောင်းဆုံအမတ် ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းအမှားဖြန့်

Misleading နိုင်ငံရေး | Politics

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLDပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်ချင်းလိမ်လည်တင်ပြခဲ့ကာ တကယ်က တတိယတန်းထိသာ တက်ရောက်ခဲ့ဖူးတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားနေကြတာတွေ့ရပါတယ်။

ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အရွေးချယ်ခံ ချောင်းဆုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ပညာအရည်အချင်းလိမ်လည်ထား”လို့ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံထားရတဲ့ ချောင်းဆုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်အချင်းလိမ်လည်ထားတယ်လို့ Aye Chan Moe ဆိုတဲ့အကောင့်ကနေ ထောက်ပြထားသလို ထောက်ပြသူတွေသူတွေထွက်ပေါ်လာပါတယ်။ ဒေါ်မိချိုသဲရဲ့ ပညာအရည်အချင်းဟာ ၃ တန်းသာနေရပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေူရွာမှာ ၂ လုံးထီ သုံးလုံးထီရောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် အိမ်ဖော်လုပ်ခဲ့ပြီး ကာဒရိုင်ဘာနဲ့ အိမ်ထောင်ကျခဲ့ကြောင်း၊ ၎င်းယောက်ကျား ရောဂါတစ်ခုနဲ့ ဆုံးပါးပြီး ကွမ်ရိုက်ကျေးရွာမှာ လာပြန်နေကြောင်း ထောက်ပြပြောဆိုထားသည်။…..”လို့ စသဖြင့်ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ဒီအကြောင်းနဲ့ဆင်တူပို့တွေကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး ချောင်းဆုံဒေသခံတစ်ဦးက(၄◌င်း၏တောင်းဆိုချက်အရ အမည်ဖော်ပြခြင်းမပြုပါ) “ဒီဟာက တမင်ဖွတာပါ၊ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်တော်မှာ ကားမောင်းပေးတဲ့ ကိုပုဆိုတာရှိတယ်၊ သူကတော့ အခုဆုံးသွားပြီပေါ့၊ ကိုပုအမျိုးသမီးကလည်း ချောင်းဆုံမှာပဲ နေတာ ကိုပုအမျိုးသမီးနဲ့ ဒေါ်မိချိုသဲနဲ့မှားသလိုလို ဘာလိုလိုနဲ့ ရောပြီး တမင်သတင်းအမှားဖြန့်တာ သူတို့ရေး သလို မိချိုသဲရဲ့ အမျိုးသားဆုံးသွားတယ် ဆိုတာ ကလည်း မဟုတ်ဘူး၊ ဟိုမှာက အသက်ရှိထင်ရှား အတူတူရှိ သေးတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၂၀ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းတွေ၊ ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို စုစည်းဖော်ပြ ပေးနေတဲ့ 2020 Election Info Desk – Mon Stateဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဒေါ်မိချိုသဲရဲ ကိုယ်ရေးအချက် အလက်တွေကို ဖော်ပြရာမှာတော့ ဒဿမတန်း(၁၀)တန်းဖြစ်တယ်လို့ ဖော်ပြထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLDပါတီချောင်းဆုံအမတ်ဒေါ်မိချိုသဲရဲ့ ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းဟာ သတင်းအမှားသာဖြစ်တာကို တွေ့ရှိရပါတယ်။

Avatar

Title:NLDပါတီရဲ့ချောင်းဆုံအမတ် ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းအမှားဖြန့်

Fact Check By: Lynn Yu 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *