
လက်ရှိအစိုးရရဲ့ညွှန်ကြားချက်တွေ့ကြောင့် အဂတိမှုနဲ့ငြိစွန်းတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အစိုးရနဲ့နီးစပ်သူတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို အရေးယူလို့မရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ဟာ ဥက္ကဌရာထူးက နှုတ်ထွက်သွားတာလို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌဟောင်းပြောခဲ့”လို့ ခေါင်းစဉ်တပ်ထားပြီး “ယခုအစိုးရသစ်၂၀၁၅ /၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချို့ အပါအဝင် တိုင်း၊ နှင့်ပြည်နယ်ဝန်ကြီးချုပ်တွေအပါ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချို့ အဂတိလိုက်စားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော်လည်း အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့နုတ်ထွက်သွားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည်။…..”လို့စသဖြင့်ရေးသားထားတာ တွေ့ရပါတယ်။ Min Min Tunဆို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ဒီပို့စ်ကို စတင်ရေးနေတာတွေ့ရပြီး အောက်ပါလင်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားထားတာတွေဟာ မှားယွင်းနေတာကို Fact Crescendo Myanmarက စိစစ်တွေ့ရှိရပါတယ်။ ကော်မရှင်ဥက္ကဌဦအောင်ကြည်နှုတ်ထွက်တာနဲ့ပတ်သက်ပြီး BBCသတင်းဌာနက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကိုဆက်သွယ်မေးမြန်းထားပါတယ်။
ဒီမေးမြန်းချက်မှာ ဦးကျော်စိုးက ဥက္ကဌနှုတ်ထွက်တာဟာ မိမိသဘောဆန္ဒကြောင့်နှုတ်ထွက်တာဖြစ်ပြီး နိုင်ငံရေးကြောင့်၊ စီးပွားရေးကြောင့် အစိုးရနဲ့အဆင်မပြေလို့ဆိုတာဟာမဟုတ်မှန်ကြောင်း၊ ကော်မရှင်ရဲ့ သက်တမ်းဟာလည်း အစိုးရသက်တမ်းနဲ့ အတူတူဖြစ်တာကြောင့် သက်တမ်းကုန်ခါနီးလည်းဖြစ်တာတွေကြောင့်နဲ့ အဂတိကော်မရှင်ဥပဒေအရ ဥက္ကဌရဲ့အသက်ကို ၇၅နှစ်ထိတာခွင့်ပြု ထားတာကြောင့် ဦးအောင်ကြည်ဟာ အသက် ၇၅နှစ်ပြည့်ပြီ ဖြစ်တာကြောင့် အနားယူဖိုကြိုတင်ပြင်ဆင်တာတွေလုပ်ခဲ့ကြောင်း ဖြေဆိုထားတာတွေ့ရပါတယ်။အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာလနိုင်ပါတယ်။
မူရင်းလင်ခ့် – BBC link | Archive link
ဥက္ကဌဦးအောင်ကြည်ရာထူးကနေ နှုတ်ထွက်တာနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ မြန်မာတိုင်းမ်ကို အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဦးအောင်ကြည်အနေနဲ့ အသက်အရွယ်အရ ၇၅နှစ်ရှိလာဖြစ်ပြီး ကျန်းမာရေးကလည်း ကောင်းမွန်နေချိန်မှာ ဘာသာရေးဘက်ကို လုပ်လိုတဲ့ဆန္ဒပြင်းပြန ေကြောင့် မိမိဆန္ဒအရနှုတ်ထွက်ခြင်းသာဖြစ်ကြောင်း ဖြေကြားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – Myanmar Time link | Archive link
သုံးသပ်ချက်
အထက်ပါအချကအရ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှုတ်တာဟာ အဂတိမှုနဲ့ငြိစွန်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ အစိုးရနဲ့နီးစပ်သူတွေကို အရေးယူလို့မရတာကြောင့်ဆိုတဲ့သတင်းဟာ မှားယွင်းတဲ့သတင်းဖြစ်တာကိုတွေ့ရပါတယ်။

Title:အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှုတ်ထွက်တာဟာ အဂတိမှုနဲ့ငြိစွန်တဲ့ အစိုးရအဖွဲ့နဲ့နီးစပ်သူတွေကို အရေးယူလို့မရတာကြောင့်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False