
ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်အာဏာရှင်ဆန့်ကျင်ေရး သင်တန်းဆင်းအမျိုးသမီးတစ်ဦး ပစ်သတ်မှုအဖြစ် ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့ေသာ်လည်း ဓာတ်ပုံဟာ မြန်မာနိုင်ငံစစ်အာဏာမသိမ်းမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ဖြစ်စဉ်ဟာ မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။
“Gz သင်တန်းဆင်း မိန်းခလေး
Kia တွေ ရက်ရက်စက်စက် လုပ်နေကြဘီ”လို့ေရးသားပြီး “Chin Lay”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှ ေဝထားရာမှာ ပြန်လည်မျှ ေဝမှု ၂၀၅ ကြိမ်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။ Gz ဆိုတာ Generation Z ရဲ့အတိုေခါက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ လူငယ်မျိုးဆက်ေတွကို ရည်ညွှန်းတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် သြဂုတ် ၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာ ေအာက်ပါအတိုင်းေတွ့ရပါတယ်။

Sorsogon မြို့မှာ အစိုးရတပ်နဲ့ထိေတွ့မှုအတွင်း ပြည်သူ့တပ်မေတာ်သစ်(NPA)အဖွဲ့ဝင်တစ်ဦးလို့ယူဆရသူ ပစ်သတ်ခံခဲ့ရ ေကြာင်း စစ်တပ်အရာရှိတစ်ေယာက်က ေပြာတယ်လို့ ဖိလစ်ပိုင်နိုင်ငံ အ ေခြစိုက် Manila STV သတင်းဌာနက ၂၀၂၀ ခုနှစ် သြဂုတ် ၁ ရက်စွဲနဲ့ေဖာ်ပြတဲ့ သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာေတွ့ ရပါတယ်။

မူရင်းလင်ခ့် – Manila STV | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ကချင်လက်နက်ကိုင်အဖွဲ့က ပစ်သတ်လိုက်တဲ့ ပုံအဖြစ်မျှ ေဝ ေနတဲ့ ဓာတ်ပုံ ဟာ ဖိလစ်ပိုင်နိုင်ငံက အစိုးတပ်နဲ့ ထိေတွ့မှုအတွင်းမှာ ေသဆုံးခဲ့တဲ့ အမျိုးသမီးတစ်ဦးပုံဖြစ်ပါတယ်။

Title:ဖိလစ်ပိုင်မှာ ပစ်သတ်ခံရတဲ့အမျိုးသမီးပုံကို ကချင်နက်ကိုင်အဖွဲ့က ပစ်သတ်လိုက်တဲ့ပုံအဖြစ်ဖြန့်ေဝ
Fact Check By: Nayar MaungResult: False