
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
“၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က စပြီးဖြေဆိုခွင့်ဖောင်များတင်ရ မယ်လို့ ဇူလိုင်လထဲမှာလည်း “အမှတ်စာရင်း ကြည့်ရန်”အမည်နဲ့ေဖ့စ်ဘွတ်စာမျက်နှာက မျှ ေဝခဲ့ရာမှာ ဒီေဖာ်ပြချက်ဟာ သတင်းမှားဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ေအာက်ပါအတုိင်း ေရးသား ထုတ်ပြန်ခဲ့တာေတွ့ရပါတယ်။
“(၁) ပုံပါ ဖော်ပြချက်သည် သတင်းမှားသာ ဖြစ်ပါသည်။
(၂) ၂၀၂၂ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါ။
(၃) စာမေးပွဲကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ရန်ရှိပါက အများပြည်သူ သိရှိစေရန် အချိန်နှင့် တစ်ပြေးညီ တရားဝင် ထုတ်ပြန်ကြေညာပေးပါမည်။”

မူရင်းလင်ခ့် – မြန်မာနိုင်ငံစာစစ်ဦးစီးဌာန | Archive link
ထို့အပြင် အမျိုးသားညီညွတ်ေရးအစိုးရ(NUG)ရဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့်သူများအနေနဲ့ စက်တင်ဘာလထဲမှာ ဖြေဆိုခွင့်လျှောက်လွှာတင်ရမယ်ဆိုတာမျိုး ထုတ်ပြန်ချက်မတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့်သူများအနေနဲ့ စက်တင်ဘာလထဲမှာ ဖြေဆိုခွင့်လျှောက်လွှာတင်ရမယ်ဆိုတာ သတင်းမှားတစ်ခုဖြစ်ပါတယ်။

Title:တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading