Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

Misleading လူမှုရေး

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။

ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။ 

 “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု

စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့

ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

စက်တင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ တိုက်ခိုက်မှုလို့ရေးသားထားပေမဲ့  ဒီဗွီဒီယိုဟာ ြသဂုတ်လထဲမှာကတည်းက ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်က တင်ထားတာတွေ့ရပါတယ်။

ဗွီဒီယိုကနေ ပုံအဖြစ်ပြောင်းလဲပြီး ရလာတဲ့ ဆော့ဖ်ဝဲအသုံးပြုပြီး ရလာတဲ့ ဓာတ်ပုံတွေကို  Google မှာပုံရှာ နည်း အသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၁၉ ခုနှစ်အတွင်းမှာ အောက်ပါအတိုင်း အများအပြားပျံ့နှံခဲ့တာ တွေ့ရပါတယ်။ 

တရုတ်ဘာသာနဲ့ရေးထားတဲ့ ရလာဒ်တွေကို Google Translate အသုံးပြုပြီး တရုတ်ဘာသာကနေ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုကြည့်ရာမှာ ဗွီဒီယိုအပိုင်အစဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်က  ဗုံးကြဲမှုအဖြစ် ၂၀၁၉ ခုနှစ်က ပျံ့နှံ့ခဲ့ဖူးပြီး အဲဒီအချိန်က တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Jiefang သတင်းဌာနက  ဒီဗွီဒီယိုဟာ ဒါရိုက်တာ ရှူဂျင်ဂျုံ(Xu Jizhou)ရိုက်ကူးတဲ့ “Glory of Special Forces” ရုပ်သံ ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်း တစ်ခုဖြစ် တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုအပိုင်းအစကို ဒါရိုက်တာ ရှူဂျင်ဂျုံက ၂၀၁၉ ခုနှစ် ဇူလိုင် ၅ ရက်က Weibo လူမှုကွန်ယက်အကောင့်မှာတင်ခဲ့ဖူးတယ်လို့ ဒီသတင်းဌာနက ဖော်ပြ ပါတယ်။

မူရင်းလင်ခ့် – IfengArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  စက်တင်ဘာ ၁၀ ရက်က စစ်တပ်က တိုက်ခိုက်မှုအဖြစ် မျှဝေထားတဲ့ အိမ်တွေပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဗွီဒီယိုဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဝင်ခန်း တစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *