Fact Check: ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

Misleading လူမှုရေး

နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။

သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။

“ရန်ကုန်၊ခရမ်းမြိုနယ် 

က လေးနိုတိုက် နေ သော မိခင်အား

အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍ 

သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်

 ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။

တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

ဒီဓာတ်ပုံကို “ခရမ်းမြို့မှာ နို့တိုက်နေတဲ့ မိခင်ကို ​ ဂေါင်းရိုက်ခဲ့တယ် စခတွေ”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူကလည်းမျှဝေခဲ့တာတွေ့ရပါတယ်။အခြားတူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အင်တာနက်မှာ လက်ရှိအချိန်အထိအသက်ဝင်နေလင့်ခ်တွေအရ မြန်မာနိုင်ငံမှာ ဒီဓာတ်ပုံစတင်ပျံ့နှံ့လာခဲ့တာဟာ စက်တင်ဘာ ၃၀ ရက်က အစောဆုံးဖြစ်တာတွေ့ရပါတယ်။  Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံ ကို စက်တင်ဘာ ၂၈ ရက်ကတည်းက စတင်တွေ့ရှိတာဖြစ်ပြီး ခမာဘာသာစကားနဲ့ရေးသား မျှဝေထားတာဖြစ်ပါ တယ်။ 

မူရင်းလင်ခ့် – Thol BenaArchive link

ထို့အပြင် ခရမ်းမြို့နယ်နှင့်ပတ်သက်သော သတင်းမှာ ပုံမှန်မျှဝေနေသော Khayan Channel မှလည်း ဒီသတင်း ဟာ မှန်ကန်ခြင်းမရှိကြောင်း ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Khaya ChannelArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံကို ခရမ်းမှာ နို့တိုက်မိခင်ရိုက်နက်ခံရမှုအဖြစ် မျှဝေနေခြင်း ဖြစ်ပါတယ်။

Avatar

Title:ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *