Fact Check: ဒီဓာတ်ပုံဟာ ၂၀၁၉ခုနှစ်က အစ္စရေးသံချပ်ကာကားတိမ်းမှောက်မှု ဓာတ်ပုံဖြစ်တယ်

False လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မှာ စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဆိုပြီးတော့  သံချပ်ကာကားတစ်စီး တိမ်းမှောက်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် အစ္စရေးတင့်ကားတစ်စီးတိမ်းမှောက်မှု ဖြစ်စဉ်ကဓာတ်ပုံဖြစ်ပါတယ်။

 “စစ်ကိုင်း ထီးချိုင့်မှာ 

စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး 

တောင်အောက်သို့ ထိုးကျသွားတယ်လို့သိရ

အကြမ်းဖက်စစ်ကောင်စီစစ်တပ် သံချပ်ကာကားမိုင်းခွဲတိုက်ခိုက်ခံရ

1.11.2021 ရက်နေ့ည 11:30.pm အချိန်တွင်စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်တွင် စစ်ကောင်စီ စစ်တပ်သံချပ်ကာ ကား (၁)စီးအား ထီးချိုင့် PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါသံချပ်ကာကားမိုင်းထိမှန်ပြီး တောင်အောက်သို့ထိုးကျသွားကြောင်းသိရှိရပါသည်။ #PDFNewsflash”လို့ရေးသားပြီး “Khaing Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက နိုဝင်ဘာ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ 

စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တင့်ကားတစ်စီးတိမ်းမှောက်ပြီးနောက် အစ္စရေးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟာလေ့ကျင့်မှုအားလုံးကို ရပ်တန့်လိုက်တယ်လို့ရေးသားထားတဲ့ သတင်းမှာ ဒီဓာတ်ပုံကိုအသုံးပြုထား တာတွေ့ရပါတယ်။ 

“၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က အစ္စရေးမြောက်ပိုင်းမှာ စစ်ဆင်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ တင့်ကားတစ်စီးကို စစ်သားများက စစ်ဆေး”လို့လည်း ဓာတ်ပုံစာသားအဖြစ်ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် –  Times of IsraelArchive link

တူညီတဲ့ဓာတ်ပုံကို အစ္စရေးနိုင်ငံသုံး ဟီးဘရူးဘာသာစကားနဲ့ရေးသားထားတဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဒီသတင်းမှာလည်း တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အစ္စရေးနိုင်ငံမှာ စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း တိမ်းမှောက်ခဲ့တဲ့ တင့်ကားပုံဖြစ်ပါတယ်။

Avatar

Title:ဒီဓာတ်ပုံဟာ ၂၀၁၉ခုနှစ်က အစ္စရေးသံချပ်ကာကားတိမ်းမှောက်မှု ဓာတ်ပုံဖြစ်တယ်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *