
စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်…
စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်…
ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်…
” တရားလည်း ဖက်တယ်
စပါးလည်း ထွက်တယ် “
ကြည်ညိုစရာ ကောင်းလိုက်တာ…
အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။
Photo crd.”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲမှာ ထိုင်း ဘာသာစကားနဲ့ အများအပြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
“Youlike (คลิปเด็ด)”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်စွဲနဲ့ ပို့စ်တစ်ခုမှာ ယခုပျံ့နှံ့ လျက်ရှိတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၉ပုံကိုတွေ့ရပါတယ်။ Google Translate အသုံးပြုပြီး မူရင်း ထိုင်း ဘာသာစကားကနေ မြန်မာ ဘာသာကိုပြန်ဆိုကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။
“#ရဟန်းကောင်း၊ ဘယ်သူမှ မမျှဝေဘူး
#ဘုန်းကြီးမကောင်း၍ မျှဝေကြပါစို့။ ဘုန်းကြီးက လယ်သမားတွေကို စပါးရိတ်ပေးနေတာ Yom ၏ ဆွေမျိုးသားချင်းများထံမှ ထမင်းငါး ကုသိုလ်အတွက် ပေးဆပ်ခြင်း ဖြစ်သည်။”
မူရင်းလင်ခ့် – Youlike (คลิปเด็ด) | Archive link
အဲဒီအချိန်ကထိုင်းဘာသာစကားနဲ့ ရေးသားမျှဝေမှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံမှာ လယ်သမားတွေကို စပါးကူညီရိတ်သိမ်း ပေးနေတဲ့ ဘုန်းကြီးတွေဓာတ်ပုံဖြစ်ပါတယ်။

Title:စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context