
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။
တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို
“KIA..ဂွမ်မော်…ဖင်ကျယ်တော့…
KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉..
လင်းယုန်တွေ…အစာကြွေးနေပြီ..
10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ.
Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက် ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“ထန်တလန်မြို့နယ်ရှိ ရပ်ကွက်များအတွင်းသို့ စစ်အစိုးရတပ်သားများက လောင်စာဒုံးများဖြင့် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ နေရာအများအပြားမှ တစ်ပြိုင်နက် မီးစတင်လောင်ကျွမ်းခဲ့သည်။ လူဦးရေ တစ်သောင်းကျော်ရှိသော စွန့်ပစ် ထားသောမြို့သည် ယခုအခါ မီးခိုးငွေ့များ ထွက်နေသည်။ ဒု-ဗိုလ်မှူးကြီး သောင်းလှိုင်သည် နယ်မြေခံ တပ်မှူးဖြစ်သည်။”လို့ ရေးသားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်စွဲနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organization – CHRO)က ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာကနေ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – ChinHumanRightsOrg | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ KIA တပ်မဟာနဲ့ တပ်ရင်းတွေကို စစ်တပ်က လေကြောင်းက တိုက်ခိုက်မှု အဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ ချင်းပြည်နယ် ထန်တလန်မြို့ကိုစစ်တပ်က လောင်စာဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading