
မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
“ယနေ့
မန်း
စက်သုံးဆီအခြေအနေ
နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ
မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။
သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ တင်သွင်းနိုင်ခြင်းမရှိတော့ဘဲ ဈေးအဆမတန်မြင့်တက်မှု၊ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
“Straits Times” သတင်းဌာနက IMF နှင့်မဆွေးနွေးမီ သီရိလင်္ကာမှာ စက်သုံးဆီဈေးတက်”လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဓာတ်ပုံကို အောက်ပါအတိုင်းရေးသားပါတယ်။
“၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ တွင် နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ကာလအတွင်း သီရိလင်္ကာရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တန်းစီစောင့်ဆိုင်းနေရသူများကို မြင်တွေ့ရသည်။ ဓာတ်ပုံ- AMILA GAMAGE”

မူရင်းလင်ခ့် – Straits Times | Archive link
ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူ Amila Gamage ကို Fact Crescendo Srilanka အဖွဲ့ကဆက်သွယ်ပြီးထပ်မံ အတည်ပြုခဲ့ရာ ဒီဓာတ်ပုံဟာ သီရိလင်္ကာတောင်ပိုင်းက မာတာရာ(Matara)မှာ ဧပြီ ၁၁ ရက်က ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ကြောင်း သူကအတည်ပြုပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ သီရိလင်္ကာနိုင်ငံကဓာတ်ပုံကို မန္တလေးမှာ စက်သုံးဆီဝယ်ဖို့တန်းစီနေတဲ့ မြင်ကွင်းအဖြစ် မျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ
Fact Check By: Nayar MaungResult: Misleading