
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို အတိအကျကြေညာ လိုက်ပြီးရေးသားလျှက် မျှဝေထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဇူလိုင် ၂၄ ရက်ကစတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
“july 24ပင်စင်ယူမယ့်ရက်တိကျကြေငြာလိုက်တဲ့မအလ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို youtube မှာ မျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဉပဒေအရ အနားယူရမှာဖြစ်ပေမဲ့ သူ့ဘာသာသူ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့ပါတယ်မင်းအောင်လှိုင်ဟာ။ ထပ်မံတိုးမြင့်ထားတဲ့ စစ်ခေါင်း ဆောင်ရဲ့ ၅ နှစ် သက်တမ်းဟာလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာသက်တမ်းကုန်မှာဖြစ်ပါတယ်။ သို့သော် အာဏာသိမ်းအပြီး ၃ ရက်အတွင်းမှာပဲ အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီသတင်းမှာကြည့်ပါ။
ဇူလိုင်လအကုန်မှာ စစ်တပ်ဟာ အာဏာသိမ်းတာ ၁ နှစ်ခွဲရှိပြီဖြစ်ပါတယ်။ အဲဒီအတွက်လည်း စစ်တပ်က ကိုင်ဆွဲထားဆဲဖြစ်တဲ့ ၂၀၀၈ အခြေခံဉပဒေအရ နောက်ထပ် ၆ လသက်တမ်းတိုးမဲ့အကြောင်း စစ်တပ်ပြောရေး ဆိုခွင့်ရှိသူကပြောကြားထားပါတယ်။

မင်းအောင်လှိုင်ပင်စင်ယူမယ့်ရက်ကြေညာလိုက်ပြီးလို့ ဖြန့်ဝေနေတဲ့ပို့စ်တွေနဲ့မျှဝေထားတဲ့လင့်ခ်တွေကို ကြည့်ရင် လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ ဘလော့ဂ်နဲ့ youtube channel တွေဖြစ်တာတွေ့ရပါတယ်။
မျှဝေထားတဲ့ ဗွီဒီယိုပါအကြောင်းအရာကို ကြည့်မယ်ဆိုရင်လည်း လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်မှာဖော်ပြထားတဲ့ “စစ်မီးစမွှေးပြီး ကိုယ့်ဇာတ် ကိုယ်မနိုင်တော့တဲ့ အာဏာသိမ်း မြန်မာစစ်တပ်”ဆိုတဲ့ ဘာသာပြန်ဆောင်းပါး တစ်ပုဒ်ပါအကြောင်းအရာတွေကို ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပင်စင်ယူဖို့ ကြေညာတယ်ဆိုတာမဟုတ်ပါဘူး။ ဗွီဒီယိုပါအကြောင်း အရာဟာ နိုင်ငံတကာကရေးသားတဲ့ အတွေးအမြင်ဆောင်ပါးတစ်ပုဒ်ကို မျှဝေထားတာဖြစ်ပေမဲ့ ဗွီဒီယိုရဲ့အစမှာ ပါတဲ့ ရုပ်သေဓာတ်ပုံဖော်ပြချက်နဲ့ သတင်းခေါင်းစဉ်စာသားတွေအရ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

Title:Fact Check: စစ်ခေါင်းဆောင် ပင်စင်ယူမယ့်ရက်ကြေညာဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: Misleading