
အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းမှုအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါ တယ်။ ကျောက်ခဲလို့ယူဆရတဲ့ အရာတွေကားတွေပေါ်တဗြုန်းဗြုန်းနဲ့ကြွေကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ တကယ်တော့ ရိုမေနီးယားနိုင်မှာ ၂၀၁၉ ခုနှစ်က မိုးသီးကြွေကျနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။
“မကြားဘူးတဲ့ ကပ်ဘေးပဲ
အီတလီနိုင်ငံ၌ ဗုဒ္ဓဟူးနေ့ကကျောက်ခဲလုံးမိုးများရွာချနေစဉ်”လို့ ရေးသားပြီး “Zaw Myo Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချို့သောပို့စ်တွေ မှာ ဒီလိုဖြစ်ပျက်တာဟာ ဘာသာရေးကြောင့်ဆိုပြီးတော့လည်း ရေးသားနေကြတာတွေ့ရပါတယ်။ အချက်အ လက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကျတဲ့စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ထဲမှာအမြောက်အများ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် မေ ၂၈ ရက်က ရိုမေနီးယားနိုင်ငံမှာ Zalau မြို့မှာ မိုးသီးကြွေ ကျမှုဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – WEATHER/ METEO WORLD | Archive link
အဲဒီအချိန်က သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် မေ ၂၉ ရက်မှာ တူရကီသတင်းဌာန တစ်ခုဖြစ်တဲ့ “TRT News”ကလည်း ဒီဗွီဒီယိုကိုဖော်ပြထားတာတွေ့ရပါတယ်။ ဗွီဒီယိုနဲ့အတူပါတဲ့စာသားကိုဘာသာပြန်ဆိုကြည့်ရာမှာ “ရိုမေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zalau မြို့တွင် မိုးသီးမုန်တိုင်းကျရောက်ခဲ့သည်။ ဥအရွယ် မိုးသီးများ ကြောင့် ယာဉ်များနှင့် အဆောက်အအုံများ ပျက်စီးခဲ့သည်။”လို့ရေးသားထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – TRT News | Archive link
ထို့အပြင် အီတလီမှာ ရောမမြို့မှာ မိုးသီးကြွေကျနေတယ်တဲ့ ဗွီဒီယိုအဖြစ် ၂၀၂၀ ခုနှစ်ကသတင်းမှားပျံ့နှံ့ခဲ့ဖူးပြီး မဟုတ်ကြောင်း AFP ကအချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟာ ရိုမေးနီးယားနိုင်မှာ ၂၀၁၉ ခုနှစ်ကမိုးသီးကြွေကြစဉ်ကဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၃၁ ရက်)က ဒီလိုမျိုးအလားတူဖြစ်စဉ်မျိုးဖြစ်ပျက်ခဲ့တဲ့ အထောက်အ ထားမတွေ့ရပါဘူး။ လူသေဆုံး၊အဆောက်အအုံနဲ့ကောက်ပဲသီးနှံတွေပျက်စီးမှုအထိ ပြင်းထန်လေ့ရှိတဲ့ မိုးသီးကြွေတဲ့ ဖြစ်စဉ်ဟာ မကြာခဏဖြစ်ပျက်တဲ့ သဘာဝဖြစ်စဉ်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုးသီး ကြွေကြတဲ့ဖြစ်စဉ်တွေရှိပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။