Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

Misleading နိုင်ငံရေး | Politics

မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ(USDP)ဉက္ကသစ်ဖြစ်လာတဲ့ ဦးခင်ရီ အောက်တိုဘာ ၁ ရက်ကလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်မှာဖြန့်ဝေလျက်ရှိတယ်။ ခေါင်းစဉ်အတု အမှားနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

“ဦးခင်ရီ အလောင်းပေါ်ပြီ”လို့ ရေးသားပြီး “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ဗွီဒီယိုထဲက ရုပ်သေဓာတ်ပုံထဲမှာလည်း လည်း “မအလ ပေါက်ကွဲနေပြီ ၁ ရက်နေ့ ဦးခင်ရီ ခေါင်းဒဲ့ချိန်ပစ်သတ်ခံရ အရေးပေါ်ကြေညာချက် ထုတ်ပြန်”စသည်ဖြင့် ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုကို youtube ရဲ့ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာကို စိစစ်ကြည့်ရာမှာ စစ်တပ်ခန့် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး နေရာကနေ အနားပေးခံရပြီးနောက် သူ့ကို စစ်တပ်ခေါင်းဆောင်က တာဝန်ပေးသယောင်လုပ်ပြီး USDP ဉက္ကဌ နေရာကို လုယူခဲ့တဲ့အကြောင်း၊ USDP ညီလာခံ နေပြည်တော်မှာပြုလုပ်မယ့်အကြောင်းတွေ ပြောဆိုနေတဲ့ အတွေးအမြင်ဆောင်းပါးတစ်ဦးကို ဖတ်ကြားနေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။ 

ဦးသန်းဌေးအနားယူပြီးနောက် ဦးခင်ရီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသစ်ဖြစ်လာတဲ့အကြောင်း အောက်တိုဘာ ၅ ရက်က RFA Burmese ရဲ့သတင်းဖော်ပြချက်ကို ဒီမှာကြည့်ပါ။

 ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ “မြင်းခြံ ၊ ပျော်ဘွယ်ရွာမှ သေနတ် ၇ လက် ပျောက်ဆုံးမှု ရွာသား ၅၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်း စစ်ကြောနေ ၊ နိုင်ငံတစ်ဝန်း ပြည်သူ ၃၀ ဦးခန့် အဖမ်းခံရဆိုတဲ့ သတင်း”ကို ဖတ်ကြားနေတာဖြစ်ပြီး နောက်ထပ်သတင်းတစ်ပုဒ်ကတော့ “ယူကရိန်းနယ်မြေများ ကို ရုရှား၏သိမ်းပိုက်မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြစ်တင်ရှုတ်ချမည့် ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုဖြင့်ပယ်ချ”ဆိုတဲ့သတင်းကိုဖတ်ကြားနေတာဖြစ်ပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ အောက်တိုဘာ ၁ ရက်က လူမှုကွန်ယက်မှာရေပန်းစားခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေ နေခြင်းဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ စိတ်ဝင်စားဖွယ်ခေါင်းစဉ်တုတွေဖန်တီးပြီး youtube မှာ ဝင်ငွေရှာတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ youtube အကောင့်တွေက ဖြန့်ဝေနေတာဖြစ်ပါတယ်။

Avatar

Title:Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *