Fact Check: အမျိုးသားနေ့အခမ်းအနားဗုံးခွဲခံရ ဝန်ကြီးအပါအဝင် ၃၃ ဦး သေဆုံး သတင်းတု

False လူမှုရေး

နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်သော ( ၁၀၂ ) နှစ်မြောက် မျိုးသားနေ့အခမ်းအနားတွင် ဗုံးခွဲခံရ ပြီး  ဝန်ကြီး အပါအဝင် ( ၃၃ ) ဦး ‌သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းပုံစံဖန်တီးထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ နေတာ တွေ့ရပါတယ်။

“ ၁၇ ရက်နေ့ အမျိုးသားနေ့အ ခမ်းအနားဗုံးခွဲ့ခံရ ဝန်ကြီးအပါအဝင်( ၃၃ ) ဦး ‌သေဆုံး” လို့ ရေးသား ပြီး “ Real News Myanmar” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်းမျှဝေထားတာကို တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Youtube link |  Archive link  

အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

“၁၇ ရက်နေ့ အမျိုးသားနေ့အခမ်းအနားဗုံးခွဲခံရ ဝန်ကြီးအပါအဝင်( ၃၃ ) ဦး ‌သေဆုံး” ဆိုပြီး ဗွီဒီယိုမျက်နှာပြင် အဖွင့်စာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်တာ မပါဝင်ပါဘူး။  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့  မီဒီယာတွေမှာလည်း အမျိုးသားနေ့အခမ်းအနား ဗုံးကြဲခံရဝန်ကြီး အပါအဝင် ၃၃ ဦး သေဆုံးဆိုတဲ့ သတင်းအကြောင်းအရာကို ဖော်ပြခြင်းမရှိပါဘူး။ 

 ဗွီဒီယိုပါအသံဖိုင်ထဲက ပထမဆုံးတစ်ပုဒ်ကတော့ Khit Thit Media မှာဖော်ပြခဲ့တံ့ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မြောက်ဒဂုံလ၀ကရုံးကိုလည်း ဗုံးခွဲတိုက်ခိုက် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

အခြားသတင်းတွေကတော့ မုံရွာ – အရာတော်လမ်းပေါ်ရှိ ကင်းပုန်းဝပ်စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်တပ်လိုင်းခန်းတွေ ပြိုကျမှာစိုးလို့ သံမရိုက်ခိုင်းတဲ့အထိ ခိုးဖွက်ခဲ့တဲ့ စစ်အင်ဂျင်နီယာညွှန်မှူး ဗိုလ်ချုပ် မျိုးသန့် ကို စစ်ခေါင်းဆောင်က ဆောက်လုပ်ရေးဝန်ကြီးခန့်အပ်ရဲလိုက်ဖမ်းခံရသည့် ဆိုင်ကယ်သူခိုး ပျူစောထိီးနာမည်ထွက်နေသူ၏ နေအိမ်အတွင်းသို့ ဝင်ပြေး လွတ်မြောက်မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ဒုသမ္မတ ဆွေးနွေးမယ်၊ စတဲ့ သတင်းမီဒီယာ အသီးသီးက ဖော်ပြပြီးတဲံ့ သတင်းတွေကို ပြန်လည် ဖတ်ကြားနေတာဖြစ်ပါတယ်။  

သုံးသပ်ချက်အထက်အချက်တွေအရ အမျိုးသားနေ့အခမ်းအနားဗုံးခွဲ့ခံရ ဝန်ကြီးအပါအဝင်( ၃၃ ) ဦး ‌သေဆုံး ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ လူအများစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဥ် ဖန်တီး ပြုလုပ်ထားခြင်းမျိုးသာဖြစ်ပြီး  ဗွီဒီယို အတွင်းမှာ သတင်းခေါင်းစဥ်ပါ အကြောင်းအရာ မဟုတ်ဘဲ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းဌာနတွေက သတင်းတွေကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။

Avatar

Title:Fact Check: အမျိုးသားနေ့အခမ်းအနားဗုံးခွဲခံရ ဝန်ကြီးအပါအဝင် ၃၃ ဦး သေဆုံး သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *