
ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။
“ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ နိုဝင်ဘာလ ၃၀ရက်မှာ လကုန်သွားပေမဲ့ လစာငွေမရရှိဖြစ်နေကြောင်းနဲ့ ဒီလိုဖြစ်ရခြင်းဟာ ဘဏ်မှာငွေပြတ်နေလို့ ပိုက်ဆံမရရှိသေးခြင်းဖြစ်တယ်လို့ ဝန်ထမ်းတစ်ချို့ကို ကိုးကားပြီး Western News သတင်းဌာနက နိုဝင်ဘာ ၃၀ ရက်ကရေးသားချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။
နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ချင်းတွင်းမြစ်အတွင်း လေယာဉ်ဆီတင်လာတဲ့ စစ်ကောင်စီရေယာဉ်တွေကို ကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခဲ့တာ စတဲ့သတင်းအကြောင်းအရာတွေကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ Mizzima သတင်းဌာနက သတင်းဖော်ပြချက်ကို အောက်ပါမှာကြည့်ပါ။
ယခုရက်ပိုင်းအတွင်းမှာ ဘဏ်တွေကနေ ဒေဝါလီခြင်း၊ အခက်အခဲ ဖြစ်နေကြောင်း တရားဝင် ထုတ်ပြန် ကြေငြာနေတာမျိုးကိုလည်း မတွေ့ရသလို မည်သည့် သတင်းဌာနမှလည်း ဖော်ပြထားခြင်းကို မတွေ့ရပါဘူး။
သုံးသပ်ချက်
ရခိုင်ပြည်နယ်မှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေမရှိပေမဲ့ စစ်တပ်က အဓိကကျတဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေကို ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာပဲ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဝန်ထမ်းတွေက လစာမရတဲ့အကြောင်းဟာ ဘဏ်မှာငွေမရှိလို့ဆိုပြီးတော့ Western News က ဝန်ထမ်းတွေကို ကိုးကားဖော်ပြလာတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုပဲ လူအများစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်း စဥ်တုဖန်တီး ဖေ့စ်ဘွတ်နဲ့ Youtube မှာကြော်ငြာထိုးခကနေ ဝင်ငွေရှာနေတဲ့ ဘလော့ဂ်စာမျက်နှာ တွေက အခုလို အကြောင်းအရာကို သတင်းတုပြုလုပ်လာခြင်းဖြစ်ပါတယ်။

Title:Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား
Fact Check By: Zun ZeeResult: False