Fact Check: ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အရာရှိတစ်ဉီးကို လက်ရှိကချင်က ဖြစ်စဉ်အဖြစ်မျှဝေ

Misleading လူမှုရေး

ကချင်ပြည်နယ်က ကချင်လက်နက်ကိုင်အဖွဲ့(KIA)ရဲ့ အလောဘွမ်စခန်းကို လာရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မြန်မာစစ်တပ်မှတပ်ရင်းမှူးအဖြစ် အရာရှိတစ်ယောက်ဓာတ်ပုံ၊ လက်နက်ခဲယမ်းပုံများနှင့်အတူရေးသား မျှဝေ ထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

မြန်မာစစ်တပ်ဘက်က ခလရ ၄၃၇ နဲ့ ခလရ ၃၈၇ တပ်ရင်း၂ ရင်းနဲ့ တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ခဲ့ပေမဲ့ တပ်ရင်းမှူးအပါအဝင် တပ်ရင်း ၂ ရင်းစလုံးကျရှုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

“ခွေးကောင်စီက စေလွှတ်လိုက်တဲ့ ခလရ (၄၃၇) တပ်ရင်းနဲ့ ခလရ ၃၈၇ တပ်ရင်းနှစ်ရင်းလုံးက တပ်ရင်းမှူး နှစ်ဦးလုံး ကာလနာတိုက်ကုန်ကြပြီး ခလရ ၄၃၇ တပ်ရင်းမှူးအလောင်းကိုတော့ နွမ်လျန်ရွာ မှာ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြပေမယ့် ခလရ ၃၈၇ တပ်ရင်းမှူးကတော့ အလောင်းတောင် ပြန်မသယ်နိုင်ပဲ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ကြတယ်။(မူရင်းအရေးအသားအတိုင်း)”စသည်ဖြင့်ရေးသားပြီး “Hla Han” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၂ ရက်က မျှဝေရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ၁ ထောင် ၂ ရာ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန်နှိမ်နှင်းခဲ့ပြီးနောက်မှာ ဆန္ဒပြသူတွေကို ကာကွယ်ပေးမယ်လို့ပြောထားတဲ့  ကချင်လက်နက်ကိုင်အဖွဲ့(KIA)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။

ကချင်ပြည်နယ် အလောဘွမ်(Alaw Bum)မှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြန်မာစစ်တပ်က တပ်ရင်း ၁ ရင်းလုံးနီးပါးကျဆုံးခဲ့တယ်လို့ Kachinwaves သတင်းဌာနက ရေးသားပါတယ်။

သို့သော်လည်း ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ အရာရှိဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် စက်တင်လဘာကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

“ဘာဘဲဖြစ်ဖြစ် သူတို့မှာလည်းမိသားစုနဲ့မို့

RIP ပါ မအလတို့အတွက် ပေးဆပ်ရတာမတန်ဘူး

ဇော်မဲထွန်းကလိမ်လိုက်အုံ့မယ်…

ခမရ(416) အပတ်စဉ်(45)

ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်း

ကွတ်ခိုင်မှာ မအလတို့အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး”လို့ ရေးသားပြီး Chit Oo အမည်နဲ့ twitter အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် –  Chit OoArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကချင်ပြည်နယ် အလောဘွမ်စခန်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အရာရှိ အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျရှုံးခဲ့တဲ့အရာရှိပုံ ဖြစ်တာတွေ့ရပါတယ်။

Avatar

Title: ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အရာရှိတစ်ဉီးကို လက်ရှိကချင်က ဖြစ်စဉ်အဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *