Fact Check: ၂၀၁၆ ခုနှစ်အတွင်းက တူရကီရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုကို မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Misleading လူမှုရေး

လတ်တလော တိုက်ပွဲများအတွင်း စစ်တပ်က လေယာဉ်တစ်စီးပစ်ချလိုက်တယ်ဆိုပြီးတော့ တောင်တန်းတစ်ခု အပေါ်မှာ ရဟတ်ယာဉ်တစ်စီးပေါက က်ကွဲပျက်ကျသွားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်အသုံးပြုထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။

သို့သော် ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်အတွင်းက တူရကီမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။

 “Min Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“မအေလိုးတွေရဲလေယာဉ်တစ်စီးကိုဖျက်ချလိုက်ပြီနော်”လို့ ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားအချို့အသုံးပြုရှာဖွေနည်း၊ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်တွင်းက တူရကီ​ရဟတ်ယာဉ်တစီးပစ်ချခံလိုက်ရတဲ့ဗွီဒီယိုဖိုင်သာဖြစ်တာတွေ့ရပါတယ်။

တူညီတဲ့မြင်ကွင်းပါဝင်ပြီး ပိုမိုရှည်လျားတဲ့ ဗွီဒီယိုတစ်ခုကို  Military.com ဝက်ဘ်ဆိုဒ်က ၂၀၁၆ ခုနှစ် မေ ၂၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ အောက်ပါအတိုင်းရေးသားထားပါတယ်။

“တူရီကထိပ်တန်းတိုက်ခိုင်ရေး Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို PKK အဖွဲ့ဝင်တစ်ဦး ပစ်ချလိုက်ပုံ”လို့ရေး သားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Military.comArchive link

တူရကီရဟတ်တစ်စီးကို ကာ့ဒ်တွေက ပစ်ချလိုက်တဲ့ဗွီဒီယိုလို့ရေးသားလျှက် တူညီတဲ့ မြင်ကွင်းဗွီဒီယိုကို မျှဝေထားကို Youtube Channel တစ်ခုဖြစ်တဲ့ Wartimez 100 မှာလည်း ၂၀၁၆ ခုနှစ် မေ ၁၅ ရက်က ဖော်ပြထားတာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=WKRg-zA92Tg

မူရင်းလင်ခ့် – WartimezArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ တူရကီမှာ ၂၀၁၆ ခုနှစ်က ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုဖြစ်စဉ်က ဖြစ်ပါတယ်။

Avatar

Title:၂၀၁၆ ခုနှစ်အတွင်းက တူရကီရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုကို မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *