Fact Check: ရခိုင်ငွေ ၂၀ တန်က မြန်မာကျပ် ၂၀၀၀၀ နဲ့ ညီမျှသလား – မဟုတ်ပါ

Altered နိုင်ငံရေး | Politics

စစ်ကောင်စီထုတ် မြန်မာကျပ်ငွေ ၂၀၀၀၀ နဲ့ ညီမျှတဲ့ ရခိုင်ငွေ ၂၀ တန်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တရုတ်ပိုက်ဆံ ၂၀ တန်ကို ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်တယ်။ ရက္ခိုင့်တပ်တော်(Arakan Army)က ကိုယ်ပိုင်ငွေကြေးထုတ်တယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ရခိုင်ငွေ 20 နှင့် ဗမာငွေ 20000 တန် ငွေဈေး”

မူရင်းလင်ခ့် – Fb link | Archive link

ဒီစာမျက်နှာကပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့ ရခိုင်ငွေ အကြွေ ၅၀၀ တန်နဲ့ ၃၀၀ တန်လို့ဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

ရက္ခိုင့်တပ်တော်(Arakan Army)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဓာတ်ပုံနဲ့ Republic of Arakan လို့ရေးသား ထားတဲ့ အ‌ပေါ်မှာ တရုတ်စာသားတွေကိုလည်းတွေ့ရပါတယ်။ Google မှာ ပုံရှာနည်းအသုံးပြုရှာ ဖွေကြည့်ရာမှာ အကြွေ ၂၀ တန်ဟာ တရုတ် ယွမ်ငွေ ၂၀ တန်ကို ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံသာဖြစ်တယ်။  အောက်က အင်္ဂလိပ်စာတန်းနေရာမှာ Republic of Arakan လို့ရေးသားထားပေမဲ့ အ‌ပေါ်က တရုတ်ဘာသာနဲ့ စာသား ကတော့ တရုတ်ပြည်သူ့ဗဟိုဘဏ်လို့ ရေးသားထားတာဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့  တရုတ်ငွေ ၂၀ တန်ကို သတင်းဓာတ်ပုံရောင်းဝယ်ရေး ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ Shutterstock ကရယူထား ခြင်းဖြစ်တယ်။ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ ပုံနေရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပုံနဲ့အစားထိုး ထားခြင်းဖြစ်တယ်။ 

မူရင်းလင်ခ့် – Shutterstock | Archive link

တရုတ် ယွမ်ငွေ ၂၀ တန်နဲ့ ရခိုင်ငွေ ၂၀ တန်လို့ဆိုထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

တရုတ်ငွေကြေး ယွမ် ၂၀ တန်ပေါ်က တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ နေရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြု ပြုပြင်ပြောင်းလဲထားခြင်းဖြစ်တယ်။ ရက္ခိုင်တပ်တော်( AA)က ဘဏ်ငွေစက္ကူမျိုးရိုက်နှိပ်ထုတ်ဝေနေတယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရဘဲ သတင်းတုသာဖြစ်တယ်။

ပြောဆိုချက်- စစ်ကောင်စီထုတ် မြန်မာကျပ်ငွေ ၂၀၀၀၀ နဲ့ ညီမျှတဲ့ ရခိုင်ငွေ ၂၀ တန်

Avatar

Title:Fact Check: ရခိုင်ငွေ ၂၀ တန်က မြန်မာကျပ် ၂၀၀၀၀ နဲ့ ညီမျှသလား – မဟုတ်ပါ

Written By: နေရာမောင် 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *