အာဏာရှင် တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်း ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဂျပန်အပျော်မယ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံ ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ဂျပန်နိုင်ငံတွင် စ_စ်ပညာသင်ကြားနေသော ရဲဘော် သုံးကျိပ်ဝင် သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်း”

C:-Users-User-Downloads-screenshot-archive.is-2024.06.28-16_57_17.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို စိစစ်ကြည့်ရာမှာ မူလက ဂျပန်စာရေးဆရာတဦးရဲ့ ဓာတ်ပုံနေရာမှာ မြန်မာနိုင်ငံရဲ့ အာဏာရှင်တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ ဓာတ်ပုံကို ထည့်သွင်း တည်းဖြတ်ထားတာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ လူမှုကွန်ယက်တခုဖြစ်တဲ့ reddit မှာ မျှဝေထားတဲ့ ဓာတ်ပုံနဲ့ အညွှန်းစာသားဖြစ်တယ်။ မူလဖော်ပြချက်မှာ ၁၉၄၀ ခုနှစ်များအတွင်းက ဂျပန်နာမည်ကြီး စာရေးဆရာ ကာဖူး နာငအိ(kafu nagai)နဲ့ ဂျပန်ဇိမ်မယ်(geisha)တွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ဖော်ပြထား တာတွေ့ရတယ်။

C:-Users-User-Downloads-2024-06-28 17 56 21.png

မူရင်းလင်ခ့် – OldSchoolCool | Archive link

ဒီလိုပဲ သူ့အကြောင်းရေးသားထားတဲ့ ဆွီဒင်ဘာသာစကားနဲ့ ဘလော့ဂ်ပို့စ်တခုမှာလည်း ဒီဓာတ်ပုံကို သုံးစွဲထား တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ မူဆွီဒင်ဘာသာနဲ့ ရေးသားထားတဲ့ ဘလော့ဂ်ပို့စ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်တယ်။

C:-Users-User-Downloads-screenshot-rekishikan.wordpress.com-2024.06.22-18_01_34.png

မူရင်းလင်ခ့် – Rekishikan | Archive link

အာဏာရှင် ဗိုလ်နေဝင်းရဲ့ ဓာတ်ပုံလို့ ဆိုထားတဲ့ ဓာတ်ပုံနဲ့ ဂျပန်စာရေးဆရာ ကာဖူနာငအိရဲ့ မူလဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်တယ်။

C:-Users-User-Downloads-altered-Kafu-Nagai-geishas-japan.jpg

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ဂျပန်နာမည်ကြီး စာရေးဆရာ ကာဖူနာငအိနဲ့ ဇိမ်မယ်တွေ ကို ရိုက်ကူးထားတဲ့ မူလဓာတ်ပုံကို ဒီဂျစ်တယ်နည်းပညာတခုကို အသုံးပြုပြီး ပြုပြင်ဖန်တီး မျှဝေထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရတယ်။

ပြောဆိုချက်- ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်း ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဂျပန်အပျော်မယ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ

Avatar

Title:Fact Check: အာဏာရှင် တဖြစ်လဲ ဗိုလ်နေဝင်းရဲ့ ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဓာတ်ပုံလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Altered