Archives

Fact Check: ၂၀၂၀ခုနှစ်အတွင်း ကမာရွတ် အမှတ် ၅ ကျောင်းရှေ့ကမြင်ကွင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ညီညီအောင်ထက်နိုင်ကျဆုံးခဲ့ရာကျောင်းရှေ့မှာ အခုကျောင်းပြန်တက်ဖို့ လုပ်နေတဲ့ မြင်ကွင်းဆိုပြီးတော့ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့မှာ ကျောင်းသားကျောင်းသူတွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းတစ်ခု မတ် ၂၆ ရက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား စတင်ပျံ့နှံ့လာပါတယ်။ မေ ၂၆ ရက်နေ ဇူလိုင်၁ ရက်အထိ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့မြို့ပြတွေမှာ ကျောင်းအပ်နှံရေးရက်သတ်ပတ်အဖြစ် ကြေညာထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဖွင့်လှစ်မယ့် အတန်းပညာရေးကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများအပြားက သပိတ်မှောက်နေဆဲဖြစ်သလို ကျေးလက်ဒေသအများအပြားမှာ NUG ကလည်း ယခုနှစ်အတန်းပညာကျောင်း ဖွင့်ဖို့ ရှိနေပါတယ်။  ဒီလိုအခြေအနေမှာ “မတရားမှုကို တွန်းလှန်ရင်း ကျည်ထိမှန်ကာ ကျဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင် ကျဆုံးရာ ကျောင်းရှေ့မှာ အခုလို ကျောင်းတက်ပြနေတော့ ကျွန်စနစ်မှာ နေသားကျဖို့ အသင့်ဖြစ်နေကြပြီ ထင်ပါရဲ့။ #သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး”လို့ ရေးသားပြီး “ပုသိမ်ကြီးမောင်သန့်စင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက AA ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်

နက်နက်တူးထားတဲ့မြေကျင်းတွေထဲမှာ ဝါးချွန်တွေ ရိုက်ထားနေတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကိုင်းတိုင်းမှာ PDF တွေက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်း ကနေ ထွက်မပြေးနိုင်အောင် လို့ ညှောင့်ကျင်းတွေ ထောင်ထားတဲ့ မြင်ကွင်းဆိုပြီးတော့  “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဖြန့်ဝေထားတာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့ သိရပါတယ်”လို့ ရေးသားပြီး သူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီဓာတ်ပုံတွေကိုပဲ “77 Media Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “စစ်ခွေးတွေက သူတို့စခန်းပတ်လည်ဒီလိုလုပ်နေတယ်တဲ့😅 ကြည့်ရတာဒီကောင်တွေ ဂျူမုံကားတွေကြည့်ပြီး Feel […]

Continue Reading

Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading

Fact Check: အိုင်ဖုန်းတီထွင်သူ Steve Jobs ရဲ့နောက်ဆုံးစကားများအဖြစ်ဖြန့်ဝေ နေတဲ့ သတင်းမှား

ဉစ္စာဓနနဲ့ရုပ်ဝတ္ထုတွေနောက်လိုက်ကာ အချိန်ကုန်ခဲ့ရင် နောင်တရတတ်တယ်လို့ အိုင်ဖုန်းတီထွင်သူ Steve Jobs က သူ့ရဲ့နောက်ဆုံးစကားတွေအနေနဲ့ပြောခဲ့တယ်ဆိုတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာ မျှဝေ လျှက်ရှိပါတယ်။သို့သော် ဒီစကားတွေဟာ Steve Jobs ပြောခဲ့တယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။  အောက်ပါစာပိုဒ်တွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။(မူရင်းအရေးအသားအတိုင်း ပြန်လည်ဖော်ပြထားပါတယ်) “အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ် သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ် သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် “အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ” “မင်းအတွက် car မောင်းပေးဖို့ car driver […]

Continue Reading

Fact Check:  ဝမ်းတွင်း ကျင်ရွာ မီးရှို့မှုကို PDF အချင်းချင်း အလှူငွေအလွဲသုံး စားသည့် ကိစ္စကြောင့် မီးရှို့မှုအဖြစ် သတင်းမှားဖြန့် 

ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်က အလှူခံထားတဲ့ငွေတွေကို အလွဲသုံးစားလုပ်တဲ့ အတွက်  PDF အချို့က ကျင်းရွာရှိ နန်းခိုင်ရဲ့ နေအိမ်ကို မီးရှို့ခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “PDF အချင်းချင်း အလှူငွေအလွဲသုံးစားလုပ်သည့်ကိစ္စမကျေနပ်သဖြင့် နေအိမ်မီးရှိမှုဖြစ်ပွား ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်သည် အလှူခံထားသည့်အလှူငွေများအား အလွဲသုံးစားလုပ်သည်ကို မကျေနပ်သဖြင့် PDF အချိုမှ ကျင်းရွာရှိ နန်းခိုင်၏နေအိမ်အား မနေ့ညက မီးရှိဖျက်ဆီးသွားခဲ့ကြောင်းသိရ။ crd- ဝမ်းတွင်းမြိုသတင်းများ”လို့ရေးသားပြီး “Ko Putin” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check:  NUG က ပန်ဆယ်လိုကို ဘွန်းရောင်းခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဖေ့စ်ဘွတ်မှာလူသိများသူ ပန်ဆယ်လိုဟာ ငွေကြေးအလွဲ သုံးစား လုပ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဘွန်းရောင်းခွင့်ပိတ်ပင်ခံ ရတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ပန်ဆယ်လိုနဲ့NUG ဝန်ကြီး ပြဿနာတက်လို့ ပန်ဆယ်လို Bond.ရောင်းချခွင့်ပိတ်ခံရပြီ ဖတ်ရှူရန်လင့် 👉👉 https://t.me/chindwinthar99/20?single အပျံမက Bond agent လုပ်စားရင်း စာရင်းတွေလိမ်ပြီး ကိုယ်ကျိုးအသုံးချမှုတွေများလာလို အချင်းချင်းခွာပြဲလာကြပါပီ။ ခေါင်းစဉ်အမျိုးမျိးတပ်ပြီး အလှူခံတောင်းစားနေတဲ့ အပျံမကို နူဂျီက သိသိနဲ့လွှတ်ပေးထားတာကဘာကြောင့်လဲဆိုရင် သူတိုနူဂျီမှာက အပျံမလောက်အတောင်းအရမ်းညက်တဲ့သူသိပ်မရှိဘူး… တစ်ဝက်လောက်ဘုံးသွားလဲ တစ်ဝက်လောက်တော့ငါတိုစားရပါတယ်လေဆိုတဲ့ အချိုးနဲ့ ဇော်ဝေစိုးက အံကြိတ်ခံနေတာ….. အဲ့တာကို သိလာလို့ MOPFI ဝန်ထမ်းတွေက သူတို့ကိုလည်း အသုံးစရိတ်ပေးသင့်ကြောင်း အပျံမဆီကခွဲတမ်းသွားတောင်းတော့ အပျံမက Bond Agent အဖြစ်က ရပ်နားပါတယ်တဲ့လေ……သိထားတဲ့အကြောင်းအရာက […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံက ဒုံပွဲတော်က ဓာတ်ပုံတွေသာဖြစ်တယ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ အသေးစားဒုံးပျံယာဉ် တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာကျင်းပလေ့ရှိတဲ့ ဒုံးလွှတ်ပွဲတော်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုပါမြင်ကွင်းတွေဖြစ်တာတွေ့ရပါတယ်။  “အမည်မဖော်လိုသည့် တောတွင်းတစ်နေရာက PDF တွေ ကြီးမားတဲ့ အောင်မြင်မှုအနေနဲ့ ဒုံးပျံယာဉ်အသေးစား တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရ”လို့ရေးသားပြီး “Commu Nal Phyo” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကျကျတဲ့စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေနည်းနဲ့ ရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ထိုင်းဘာသာစကားနဲ့ “อีสานโปรดักชั่น”လို့ရေးသားထားတဲ့ ယူကျု့(youtube) ချန်နယ်မှာ […]

Continue Reading

Fact Check: PDF တွေဝင်လာလို့ရွာသားတွေထွက်ပြေးရတယ်ဆိုတဲ့ သတင်းမှား

PDF တွေဝင်လာလို့ ရွာသားတွေ ထွက်ပြေးရတဲ့ ဗွီဒီယိုလိုဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဧရာဝတီ-ချင်းတွင်းမြစ်ဆုံဒေသကို စစ်တပ်က ဝင်ရောက်စီးနင်းမှု ဗွီဒီယိုဖြစ်ပါတယ်။ “ဗွီဒယို နဲ့ တင်တာကို ဖင်ပိတ်ပြီး လိပ်ကို ဂျပိုးဖြစ်အောင် လာမန့်ဖို့မကျန်နဲ့ PDF အကြမ်းဖက်သမားများ  ဓားမြဝင်တိုက်လို့  ရွာသားများထွက်ပြေးနေရတဲ့ မြင်ကွင်း ကျေးရွာများအတွင်း  အကြမ်းဖက် Pdf များ ဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၆ ရွာခန့်မှာ ရွာသား ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးသည့်ရွာသားများအား လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါ NLD ထောက်ခံသူ Pdf အကြမ်းဖက်များသည် လူမရှိတော့သည့် နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား ခိုးယူနေကြောင်းနှင့် ကျေးရွာများတွင် သွယ်တန်းထားသော […]

Continue Reading

Fact Check: နေတိုးဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာအဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

ယူကရိန်းက စတီးစက်ရုံထဲကနေ  နေတိုး(မြောက်အတ္တလန်စစ်စာချုပ်အဖွဲ့-North Atlantic Treaty Organization)ဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာ လက်နက်ချအဖမ်းခံရ တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ တကယ်တော့ အတည်ပြုနိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။ “စတီးစက်ရုံထဲက နေတိုးဗိုလ်ချုပ်ကြီး ခြောက်ယောက် ဒီနေ့ လက်နက်ချအဖမ်းခံလိုက်တယ်, ရုရှားကဒါကို လိုချင်လို့ မြေအောက်ခန်းတွေကို ဗုံးနဲ့ ထိုးမခွဲတာ ထိုးခွဲလို့သေရင် တရာခံမရဘူး သူလိုချင်တာ အရှင်လတ်လတ်တွေပဲ”စသည်ဖြင့်ရေးသားပြီး “Kyaw Naing” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံ ၂ ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဓာတ်ပုံတစ်ပုံမှာဆိုရင် စစ်သုံပန်းတွေလို့ယူဆရတဲ့ သူတွေထဲက တစ်ဦးကို အနီရောင်နဲ့ဝိုင်းပြလျှက် ရုရှားထံလက်နက်ချအညံ့ခံခဲ့တဲ့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Eric Olson ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  […]

Continue Reading

Fact Check:  အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအဖြစ် ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံမှုလို့ဆိုထားတဲ့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပါတယ်။ “အခုဆို နီပိတ်တွေက သူတို့ရဲ့ ဝန်ကြီး  အမေရိကန်သွားတယ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ် ဘာညာဆိုပြီး ဖိုတိုရှော့တွေနဲ့ ဝါဒဖြန့်နေပါတယ်။ တကယ်တန်း အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့သူက ဗိုလ်ချုပ်မှုးကြီး ဘဘမင်းအောင်လှိုင်ပါ။ အဲ့ဒီမှာတွေ့ရတာ အားမရလို့ အပြန်ကျ မြန်မာပြည်လိုက်လာခဲ့ပါသေးတယ်။ မသိတဲ့သူတွေကို မှိုင်းတိုက်နေကြလို့ အဖြစ်မှန်ကို တင်ပြလိုက်ရတာပါ။ ခရက်ဒစ်”လို့ရေးသားပြီး “အား သစ်” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   […]

Continue Reading