Archives

Fact Check: တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ

ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “မတရားတဲ့ တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့ ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ အခု တရုတ်ပန်ချီဆရာ  ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။       ပန်းချီကား နာမည်          (ဦးဆွေးဆံမြေ့) #crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မိုးညှင်းမှာမိုင်းထိတဲ့ တင့်ကားပုံမဟုတ်ပါ

မိုးညှင်းမှာ မိုင်းထိတဲ့ စစ်တပ်ကတင့်ကားပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများ က မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့လျှက်ရှိခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။   “မိုးညှင်း❗စကစတင့်ကားတစ်စီး နန်းမားကြီးလမ်းတွင် မိုင်းခွဲခံရပြီး မှောက်လှန်သွား 🤥✊️ ပျော်လိုက်တာ ကွယ်👏🏻👏🏻👏🏻”လို့ရေးသားပြီး “မိုး မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ပြီးခဲ့တဲ့ နှစ်များအတွင်းအမြောက်အများ ပျံ့နှံ့လျှက်ရှိခဲ့ တာတွေ့ရပါတယ်။ “Destroyed Tank”အမည်နဲ့ reddit အကောင့်မှာ ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ အောက်ပါ အတိုင်း ရေးသားမျှဝေထားပါတယ်။  “လမ်းဘီးများပုံပျက်မှုသည်  […]

Continue Reading

Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။   “သစ်ခိုးထုတ်နေသော pdf များ….. ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ… #kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani […]

Continue Reading

Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းကထွက်ပြေးရသူတွေဖြစ်တယ်

ညအမှောင်မှာရိုက်ကူးထားတဲ့ အထုပ်အပိုးတွေနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၂ပုံကို ဒီပဲယင်းကထွက်ပြေးနေရတဲ့ သူတွေဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ အောက်တိုဘာ ၂၇ ရက်က မင်းကင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မီဒီယာမှာဖော်ပြဖူးပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂၀ ဝန်းကျင် သေဆုံး ခဲ့ရပြီး အများအပြားထွက်ပြေးကြရပါတယ်။ “ဒီပဲယင်းကို တချက်လောက်အာရုံစိုက်ကြပါ ပြည်သူ” ၁၈ “ဦးထိ “ကျသွားပြီတဲ့ “အခုထိလဲ ပြေးနေရတယ်တဲ့”လို့ ရေးသားပြီး “Yoon Shwe Ya Mone”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ

စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။  ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ်   စပါးလည်း ထွက်တယ် “ ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.”လို့ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရန်ကုန်မြို့ သုဝဏ္ဏမှာ ဆန္ဒပြစဉ်ကဓာတ်ပုံဖြစ်တယ်

ဒဂုံဆိပ်ကမ်း လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှုဆိုပြီးဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ မီးခိုးမည်းတွေ လိပ်တက်နေတဲ့ ဓာတ်ပုံမှာ “ဒဂုံမြို့သစ် ဆိပ်ကမ်း EPC ရုံးဗုံးကွဲ (၂၅.၁၁.၂၀၂၁)”လို့လည်းရေးသားထားပါတယ်။ သို့သော် ဓာတ်ပုံဟာ မေလအတွင်း ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးကွဲခဲ့တဲ့သတင်းတွေကို မီဒီယာမှာဖော်ပြထား ဒီနေရာမှာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “” ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ EPC ရုံး အနီးရောက်ရှိနေသူများ ချက်ချင်း ရုံးနှင့်ဝေးရာသို့ ထွက်ခွာကြပါရန် “ •••••••••••••••••••••••••••••••••••••••••••••••••••••••••••• မိမိ မိသားစုဝင်များ ရုံးအနီးရောက်ရှိနေပါက ချက်ချင်းလှမ်းခေါ်ကြပါ။ Source- YangonRevolutionGroup November <25>     https://t.me/Newsinfomation Copy : Crd ”လို့ ရေးသားလျှက် “Ne Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက […]

Continue Reading

Fact Check: ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။  “နေမင်း၏သားတော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ =============================== မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ  အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဆောမြို့မှာ စစ်ကားနဲ့အရပ်သားကားခေါင်းချင်းဆိုင်တိုက်မှုလား-မဟုတ်ပါ

ဆောမြို့နယ်မှာ စစ်ကားတစ်စီးကို အရပ်ကားနဲ့ခေါင်းချင်းဆိုင်တိုက်တဲ့ဗွီဒီယိုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကမျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Myo Min Oo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မိုက်တယ်ဟ ဇာတ်ကားရိုက်နေတဲ့အတိုင်ပဲ😂 ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို  ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့် အမိုက်ခံဝင်တိုက်သွားတယ်ပြောဒါပဲ crd”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ တူညီတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link Screenshot ဓာတ်ပုံ ပုံစံနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  အင်တာနက်မှာ အောက်တိုဘာလကတည်းက ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “बोलता भोजपुर”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တူညီတဲ့ ဗွီဒီယိုကို အောက်တိုဘာ ၁၈ ရက်စွဲနဲ့တင်ထား […]

Continue Reading

Fact Check: Mr Bean သေဆုံးတဲ့သတင်းက မဟုတ်ပါ

ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။  “ဟာသမင်းသားကြီး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။ မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ […]

Continue Reading