Archives

Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။  ‌အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အ‌မေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က […]

Continue Reading

Fact Check: ရန်ကုန်လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြာကျသွားတယ်ဆိုတဲ့ သတင်းတု

သင်္ကြန်တွင်းက ရန်ကုန်လေဆိပ်ဗုံးကြဲခံရပြီး မီးလောင်ပြာကျသွားသလို အလောင်းတွေကောက်လို့ မနိုင်ဖြစ်ခဲ့ရ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ဗုံးကြဲခံရခြင်းမရှိသလို လူသေဆုံးမှု၊ မီးလောင်မှုလည်းမရှိပါဘူး။ အောက်ပါပို့စ်ကတော့ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အချက်အလက်စိစစ်ချက် သင်္ကြန်တွင်းမှာ ရန်ကုန်လေဆိပ်တိုက်ခိုက်ခံရတဲ့ သတင်းမတွေ့ရပါဘူး။ ဒီလိုမျိုးသတင်းဖော်ပြချက်ကို သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ “ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ”ဆိုတဲ့ သတင်းကို ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ မူရင်းလင်ခ့် – Ludumwayoo |  Archive link သုံးသပ်ချက် […]

Continue Reading

Fact Check:  ရန်ကုန်မြို့တော်မဏ္ဍပ်စာသားကိုပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ရန်ကုန်မြို့တော်မဏ္ဍပ်မှာ “မဟာသင်္ကြန်”အစား”မသာသင်္ကြန်”လို့ “ဟ”နဲ့ “သ”နဲ့ စာလုံးမှားရေးထားတယ် ဆိုပြီး ဓာတ်ပုံတစ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အများအပြားက ဒီဓာတ်ပုံဟာ သရော်ထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် နားလည်ကြပေမဲ့ အချို့အတွက်နားလည်မှုလွဲစေ နိုင်တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မူလဓာတ်ပုံကို ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သင်္ကြန်အကြိုနေ့တင်ကထားတာတွေ့ရပါတယ်။ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ နဲ့ ပြည်သူ့ရင်ပြင်က မြင်ကွင်းတွေကိုတွေ့ရတာပါ။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ လိုမြို့ကြီးတွေမှာ ရေကစားသူ နည်းပါးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အများစုကတော့ လုံခြုံရေးစိုးရိမ်လို့ ရေမကစားကြတာလည်းရှိပါတယ်။ ဒါ့အပြင် […]

Continue Reading

Fact Check: သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်တဲ့သတင်းပေါက်ကြား ဆိုတဲ့ သတင်းတု

သင်္ကြန်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားခဲ့တဲ့ သတင်းပေါက်ကြားလာတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို မျှဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ဖြစ်တယ်။ “Page 191”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “သင်္ကြန်ပြီးမတရားဝင်ကြေညာမဲ့အမေစုသတင်း”လို့ရေးသားမျှဝေထားပြီး ဗွီဒီယိုထဲမှာတော့ ‌ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံတို့နဲ့အတူ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာတော့ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧပြီ ၄ ရက်က မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။   ဘီဘီစီ […]

Continue Reading

Fact Check:  မြန်မာသင်္ကြန်ကို ဖျက်သိမ်းမယ်လို့ ဦးကိုနီပြောခဲ့တဲ့သတင်းတု

မြန်မာရိုးရာသင်္ကြန်ကို ဖျက်သိမ်းရမယ်လို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ NLD ပါတီဝင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီက ပြောကြားခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေပါတယ်။ တကယ်တော့ လုပ်ကြံသတင်းတု ဖြန့်ချိနေခြင်းဖြစ်ပါတယ်။  သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ လူထုပါဝင်ဆင်နွှဲမှုအများဆုံး ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ လူမှုဘဝ ပုံမှန်အခြေအနေကို အဖြစ်ပုံဖော်လိုတာကြောင့် သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပနေပေမဲ့ လူထုက ပါဝင်ဆင်နွှဲမှုမရှိပါဘူး။  တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ သင်္ကြန်ကို ငြင်းဆန်ကျဖို့ တိုက်တွန်းနေပါတယ်။  ဒီလိုအခြေအနေမှာ “ဖေဇော် ဂျီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၁ […]

Continue Reading

Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ်မှာဗုံးပေါက်လို့ ပြည်သူ ၂၀၀ သေတဲ့ သတင်းတု

မြန်မာ့နှစ်ကူးသကြန်အကြိုနေ့(၁၃)ရက်နေ့က ရန်ကုန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်လို့ ပြည်သူ (၂၀၀ ) သေဆုံးခဲ့ရတယ်လို့ဆိုတဲ သတင်းတု ဗွီဒီယိုပို့စ်တစ်ခုဟာ  ယူကျု့ချန်နယ်မှာ ပျံ့နှံ့မှု့အားကောင်း ခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ်ကြေညာ”  ဆိုပြီး ရေးသားထားပြီး “Real News Myanmwr” အမည်နဲ့ ယူကျု့စာမျက်မှာ မျှဝေထားပါတယ်။ အဆိုပါ ယူကျု့စာမျက်နှာကို ဝင်ရောက်ကြည့်ရှု့မှုပေါင်း တစ်ထောင်ကျော် ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရန်ကုန်သင်္ကြန်အကြိုနေ့ […]

Continue Reading

Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ

ဂျပန်နာရီဝယ်ဖို့ ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းနေရင်း အချို့ဆိုမူးလဲကျခဲ့ကြတဲ့ အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဓာတ်ပုံအချို့နှင့်အတူ နာရီအ‌ရောင်းကြော်ငြာပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကြောင်းအရာ အသီးသီးနဲ့ မျှဝေထားတဲ့ ဓာတ်ပုံတွေကို နားလည်မှုလွဲစေအောင် ဖြန့်ချိမှုဖြစ်ပါတယ်။  အောက်ပါစာသားနဲ့ စရင်ရှော့ဓာတ်ပုံကတော့ ဧပြီ ၁၁ ရက်ကဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုက ဖြစ်ပါတယ်။  “ဂျပန်နာရီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသောကြောင့် ရန်ကုန်မြို့ရှိ Mall တွင် ဒါဇင်နှင့်ချီသောလူများ 43,633 MMK / 1 လုံး 😵‍( ပေါင်းစည်းဝယ်ယူသည့်အခါ 2 အခမဲ့ 1 : 130,900 MMK ) မနေ့က ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် 2023 စမတ်နာရီကို 1 […]

Continue Reading

Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ

ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]

Continue Reading

Fact Check:  ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု

ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် […]

Continue Reading

Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားတစ်ဖြစ်လဲ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ခြိမ်းခြောက်မှုကြောင့် စစ်တပ်က လုပ်ဖို့လျာထားတဲ့ အကယ်ဒမီပေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖြန့်ဝေမှုတစ်ခုရဲ့ ပုံဖြစ်ပါတယ်။  “မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ကြည့်ရှူ့မှုပေါင်း ၇ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ သတင်းသမားတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်တဲ့အနုပညာရှင်တွေဟာ စစ်တပ်ကို တော်လှန်ပုန်ကန်မှုမြောက်ကြောင်းခြိမ်းခြောက်ပြောဆိုနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ စစ်တပ်က မေလထဲမှာ ရုပ်ရှင် အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ လုပ်ဖို့ပြင်ဆင်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ကနေ တော်လှန်ရေးသမားဖြစ်လာသူ မင်းမော်ကွန်းက နေပြည်တော်မှာလုပ်မယ့်ပွဲ […]

Continue Reading