Archives

Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading

Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အာဏာပြန် သိမ်းပြီး အနားပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်လွဲနဲ့ သတင်းမှားဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။   “သန်းရွှေ အာဏာပြန်သိမ်းဟု နေပြည်တော်မှာသတငိးထွက်နေ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသား ထားသလို “မင်းအောင်လှိုင်အနား‌ပေးခံရ (၁၁)ရက်နေ့ ဦးသန်းရွှေ မွှေနေပြီ လုပ်ရည်ကိုင်ရည် မရှိဟုဝေဖန်” စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ရေးသားမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှု သိန်းဂဏန်းရှိပါတယ်။ တူညီတဲ့ ဗွီဒီယိုကို ယူကျူ့မှာ တင်ထားရာမှာလည်း ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၂ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading

Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

အမျိုးအစား ၅ မုန်တိုင်းအဆင့်ရှိ ဖျက်အားပြင်း မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက တဆင့် မြန်မာနိုင်ငံကုန်တွင်းပိုင်းကို မေ ၁၄ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှာ ဒီမုန်တိုင်းသတင်းနဲ့အတူ သတင်းဓာတ်ပုံ အမှားအချို့လည်း ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။  ဒီမုန်တိုင်းကြောင့် စစ်တွေတမြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လောလောဆယ် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။ အောက်ဖော်ပြပါ ဓာတ်ပုံကတော့ မုန်တိုင်းနဲ့အတူဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ဓာတ်ပုံနဲ့အတူဖော်ပြထားတဲ့ စာသားတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။  “ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ် “မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး […]

Continue Reading

Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “မုန်းတိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ။ အမှုအားလုံးရုပ်သိမ်း။”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသားထားပြီး “အမှုအားလုံးကို ရုပ်သိမ်း မုန်တိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ ‌ဒေါ်စုလွတ်ပြီ”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြ သတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link ထို့အပြင် ဖေ့စ်ဘွတ်မှာလည်း အလားတူ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပြီး ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုအစမှာ ရေးသားထားသလို ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။  “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။  […]

Continue Reading

Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

NUG ကို အာဆီယံက အစိုးရအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ယခုနှစ် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာတွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ အစည်းအဝေးတွေမှာ ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်လိုက်တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သတ်ပြီး လက်ရှိ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်ခြင်းမရှိပါဘူး။  “မနေ့ကလုပ်တဲ့အာဆီယံအစည်းအဝေးဆုံးဖြတ်ချထွက်လာပြီ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာရေးသားထားပြီး “၃ ရက်အတွင်းအာဏာလွှဲဖို့ မအလကို အာဆီယံအမိန့်ချပြီ”လို့လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသား ထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ဒီလိုဆိုလိုထားတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အာဆီယံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို asean.org မှာတွေ့နိုင်ပါတယ်။ တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က […]

Continue Reading

Fact Check: ရန်ကုန်ကို မုန်တိုင်းစတိုက်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေရှိတဲ့ သတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ ရေပန်းစား နေပါတယ်။ ဒီလိုခြေအနေမှာ ရန်ကုန်မှာ မုန်တိုင်းဝင်နေပြီဆိုတဲ့ ဗွီဒီယို ယူကျူ့မှာဖြန့်ဝေထားတာမှာ ဝင်ရောက်ကြည့်ရှူ့မှု များပြားလျက်ရှိပါတယ်။   “ရန်ကုန်ဆိပ်ကမ်း စတိုက်နေပြီး အိမ်တွေပါကျွတ်ထွက်ကုန်ပြီ (ဘေးကင်းကြပါစေ)”လို့ရေးသားထားပြီး ဗွီဒီယိုထဲမှာ လေပြင်းတိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်းပါဝင်ပါတယ်။  ကြည့်ရှူ့မှုများပြားနေတဲ့  ယူကျူ့ မှာတင်ထားတဲ့ ဗွီဒီယိုရဲ့ စရင်ရှော့ဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link ဒီရုပ်သံဖိုင်မှာလေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပေါ်ကဖြတ်ပြီး အမှိုက်သရိုက်နဲ့ သဲ၊ဖုန်တွေ လွင့်နေတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ ရုပ်သံမြင်ကွင်းဟာ ၂၀၂၃ ခုနှစ် ဧပြီ […]

Continue Reading

Fact Check: ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ဦးသန်းရွှေ ကတိပေးလို့ စစ်တပ်က ဖမ်းဆီးဆိုတဲ့ သတင်းတု

ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ကတိပေးလို့ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တပ်တွင်းမှာ ပွတ်လောရိုက်ကုန်ပြီဆိုတဲ့ သတင်းတုဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယို တစ်ခုဖြစ်တယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ပြန်လွှတ်ဖို့  အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ က တရုတ်ကို ကတိပေး၊ ဒီလိုကတိပေးလို့ စစ်တပ်က ဖမ်းဆီးလိုက်တယ်၊  ဦးသန်းရွှေကို ထောက်ခံတဲ့သူတွေက လက်ရှိအာဏာသိမ်း‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်ကို မကျေမနပ်ဖြစ်ကြတယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဒီအချက်အလက်တွေနဲ့ […]

Continue Reading