Archives

Fact Check: ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံ၊မြန်မာအရေးထိပ်တန်းဦးစားပေးလို့ သမ္မတဂျိုကိုဝီပြောတဲ့သတင်းတုသတင်းမှား

NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက ဂျိုကိုဝီဒိုဒိုကလည်း မြန်မာအရေးဟာထိပ်တန်းဦးစားပေးအဖြစ်ကြေညာလိုက်တယ်လို့လည်းဆိုပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတာဟာ အလွန်ကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမယ်.. NUG အစိုးရအနေနဲ့ ကြီးမားတဲ့ သံတမန်ရေးအောင်ပွဲ တစ်ခုလို့ပြောနိုင်ပါတယ်… မနေ့ကတစ်ရက်ထဲမှာဘဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးက ဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမှကြေငြာသွားတယ်…   အင်ဒိုသမ္မတပြောပြီး ၂၄ နာရီမပြည့်သေးဘူး ကမ္ဘောဒီးယား မှ […]

Continue Reading

Fact Check: သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးမှ ဖယ်ရှားခံရ သတင်းမှား

တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးကနေ ဖယ်ရှားခံရတယ်လို့ဆိုပြီး  ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့် ဝေနေတာ သတင်းအမှားဖြစ်ပါတယ်။  ဗွီဒီယိုဖိုင်အစမှာ “သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရလို့”လို့ရေးသားပြီး  Youtube မှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။                                    မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်မှာ တရုတ်နဲ့ရုရှားက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာ ကိုယ်စားပြုခွင့်ရတာ မမြင်တွေ့လို” ဆိုတဲ့ သတင်း၊ ပုဏ္ဏားကျွန်းကားလမ်း ပေါ်က AAစစ်ဆေးရေးဂိတ် ၃ ခုကို ပြန်လည် […]

Continue Reading

Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီး မြို့သိမ်းခံရ ဖွယ်ရှိလို့ဆိုတဲ့ ဗွီဒီယိုပုံစံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဝတပ်နဲ့ AAတပ်တွေ ပါဝင်နေဟု သတင်းထွက်#နေပြည်တော်မြို့ကြီး အထိနာပြီ”လို့ ရေးသားပြီးဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက အောက်ပါအတိုင်း မျှဝေထားရာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတာတွေ့ရပြီး ကြည့်ရှူ့မှုပေါင်း ၃ သိန်းခွဲရှိပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာလည်း “နေပြည်တော်မြို့ အသိမ်းခံရဖွယ်ရှိ လေယာဉ်နဲ့ပစ်တောင်မနိုင်တော့ဘူး အင်အား ၁၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေပြီ”စသည်ဖြင့်လည်းရေး သားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: လူသောင်းချီသေမယ့် မုန်တိုင်း မြန်မာပြည်ဝင်မယ်ဆိုတဲ့သတင်းမှား

မုန်တိုင်းကြီး ၃ ရက်ဆက်တိုက်ဖြစ်ပေါပြီး လူသောင်းချီသေဆုံးနိုင်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့မှုအားကောင်းခဲ့ပါတယ်။ ချဲ့ကားပြီးရေးသားထားတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ “၃ရက်လုံးလုံးတိုက်မဲ့မုန်တိုင်ကြီး။လူသောင်းချီပါမှာ။ဒီသတင်းမလွတ်စေနဲ့”လို့ ရေးသားပြီး “Drama 77” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၇ ရက်နေ့က  စပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး ၃ ရက်လုံးတိုက်မယ် ဆိုင်ကလုန်း Mandous ဟာ လူထောင်ချီသေစေနိုင်တာမို့  ဒီသတင်းကိုကြည့်ပါလို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဆိုင်ကလုန်း မန်ဒက်စ်ရဲ့နောက်ဆုံးအခြေအနေကို ဒီလင့်ခ်မှာကြည့်ပါ။ ဆိုင်ကလုန်း မန်ဒက်စ်( Cyclone Mandous )နဲ့ ပတ်သတ်ပြီး၂၄ နာရီမှ ၇၂ နာရီ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီဆိုတဲ့သတင်းမှား

NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ Reuters ကပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ NUG သမ္မတက စစ်တပ်နဲ့ဆွေးနွေးဖို့ အချက် ၅ ချက်ကို အာမခံချက်ရှိမှသာဆွေးနွေးဖို့အတွက် ဖြစ်နိုင်တယ်ဆိုတဲ့ ပြောကြားချက်ကို ထင်ယောင်ထင်မှားဖြစ်ဖွယ်ရေးသားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဒီဇင်ဘာ ၂ ရက်အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၂ သိန်း ၅  သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဇင်ဘာ ၁ […]

Continue Reading

Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား

ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading

Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ

ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ  အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။ “ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ […]

Continue Reading