Archives

Fact Check: ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ကရင်ပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က လက်နက်ချလိုက်ပြီဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ “စစ်ခွေး(၅၀၀၀)လက်နက်ချပြီ။မအလ ခွေးလုံးလုံးဖြစ်သွားပီ”လို့ ရေးသားပြီး နိုဝင်ဘာ ၁၈ ရက်မှာ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားမှာလည်း “ (၁၈) ရက်နေ့ အထူးသတင်း ကရင်ပြည်နယ် တခုလုံးက စစ်ခွေးတွေ လက်နက်ချပြီ”လို့ ရေးသားထားတာပါ။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းပြီးကတည်းက အာဏာဖိဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စုစု ပေါင်းအရေအတွက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ စုစုပေါင်း ၈၀၀၀ ထက်မှာ ရှိခဲ့ပါတယ်။ သို့သော်လည်း ကရင်ပြည်နယ်တစ်ခုထဲက […]

Continue Reading

Fact Check: US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ အမေရိကန်သမ္မတဆုံးဖြတ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာကို စစ်သား ၅ သိန်းပို့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆုံးဖြတ်လိုက်တယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ပါ မြင်ကွင်းဖြစ်ပါတယ်။ “မြန်မာ့အရေး US သမ္မတကြီး ခေါင်းခဲပီ”လို့ ပို့စ်စားသားမှာရေသားပြီး ဗွီဒီယိုအဖွင့် thumbnail ဓာတ်ပုံထဲ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံနဲ့အတူ “ (၁၆)ရက်နေ့ မြန်မာ့အရေး သမ္မတကြီး ခေါင်းခဲပီ US စစ်သား(5) သိန်း မြန်မာကိုပို့ဖို့ ဆုံးဖြတ်”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အမေရိကန်သမ္မတက US   စစ်သား ၅ သိန်းမြန်မာကို ပို့ဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းမျိုးကို […]

Continue Reading

Fact Check: စိုးဝင်းကိုအာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံးကြေညာဆိုတဲ့ သတင်းမှား

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် တာဝန်က အနားယူလိုက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုအဏာလွှဲကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။သတင်းဌာနအချို့ကဖော်ပြပြီးဖြစ်တဲ့သတင်းတွေကို လူတွေစိတ်ဝင်စားမှုရဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ထပ်မံဖြန့်ချိနေဖြစ်ပါတယ်။ “မင်းအောင်လှိုင် နုတ်ထွက်ပြီ#သတင်းထူး”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အစည်းအဝေး ဓာတ်ပုံ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲဓာတ်ပုံတွေအသုံးပြုပြီး “စိုးဝင်းကို အာဏာလွှဲပြီး မင်းအောင်လှိုင်နုတ်ထွက် ဇော်မဲလုံး တရားဝင်ကြေညာလိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါမဝင်ပါဘူး။ ဗွီဒီယိုပါမပထမဆုံးသတင်းတစ်ပုဒ်ဟာ Ayeyarwaddy Times သတင်းဌာနက နိုဝင်ဘာ ၁၇ ရက်ဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင် မင်းအောင်လှိုင်က […]

Continue Reading

Fact Check: မြန်မာကျောင်းသားတီထွင်တဲ့ Gluco Pro ဆီးချိုကုသနိုင်တယ်လို့ဆိုတဲ့ သတင်းတုသတင်းမှား

မြန်မာထူးချွန်ကျောင်းသားတစ်ဦး တီထွင်ထားတဲ့ Gluco Pro က ဆီးချိုကုသရေးမှာအလှည့်အပြောင်းဖြစ်ခဲ့တဲ့ အောင်မြင်မှုကြီးဖြစ်ပြီး အသက်သန်းပေါင်းများစွာကယ်ဆယ်ခဲ့တယ်ဆိုတဲ့ ဘလော့ဂ်ပို့စ်ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ Gluco Pro ဟာ ဆီးချိုကုနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ တီထွင်သူ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံဟာလည်းအတုအယောင်သာဖြစ်ပါတယ်။ မြန်မာကျောင်းသား Fandi Kurniawan ရဲ့ Gluco Pro ဆိုတဲ့ထုတ်ကုန်ဟာ ၂၀၁၉ ခုနှစ်က European Congress of Endocrinology Expert မှာအကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့တဲ့အပြောင်းအလဲဖြစ်ခဲ့ပြီး ဆီးချိုသမားတွေ အတွက် ဆေးဝါးတွေမလိုတော့တဲ့ အထိရလာဒ်ကောင်းမွန်တာကြောင့် ဆေးဆိုင်တွေက အခြားဆေးတွေ မရောင်းရမှာ စိုးလို့  ဒီထုတ်ကုန်ကို မတင်ကြဘူးလို့လည်း ဒီဘလော့ဂ်ပို့စ်မှာဖော်ပြပါတယ်။ အောက်ပါ screenshot ဓာတ်ပုံကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာတွေ့ရတဲ့ မြန်မာကျောင်းသားဆိုသူရဲ့ ဓာတ်ပုံနဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: အမျိုးသားနေ့အခမ်းအနားဗုံးခွဲခံရ ဝန်ကြီးအပါအဝင် ၃၃ ဦး သေဆုံး သတင်းတု

နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်သော ( ၁၀၂ ) နှစ်မြောက် မျိုးသားနေ့အခမ်းအနားတွင် ဗုံးခွဲခံရ ပြီး  ဝန်ကြီး အပါအဝင် ( ၃၃ ) ဦး ‌သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းပုံစံဖန်တီးထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ နေတာ တွေ့ရပါတယ်။ “ ၁၇ ရက်နေ့ အမျိုးသားနေ့အ ခမ်းအနားဗုံးခွဲ့ခံရ ဝန်ကြီးအပါအဝင်( ၃၃ ) ဦး ‌သေဆုံး” လို့ ရေးသား ပြီး “ Real News Myanmar” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်းမျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာ […]

Continue Reading

Fact Check: Golden Gout က ဒူလာရောဂါကို ကုသနိုင်တဲ့အထောက်အထားမရှိပါ

 Golden Gout ဖြည့်စွက်အစာအဟာရဟာ နို့ရည်ကြည်(colostrum)ပါဝင်တာကြောင့် ဒူလာရောဂါကို ပျောက်ကင်းစေတယ်လို့ဆိုပြီး ယခုရက်ပိုင်းမှာ ဖေ့စ်ဘွတ်မှာကြော်ငြာလာတာတွေ့ရပါတယ်။ တကယ်တော့ နို့ရည်ကြည်ဟာ ဒူလာရောဂါကို ကုသနိုင်တယ်ဆိုတဲ့လုံလောက်တဲ့အထောက်အထားမရှိပါဘူး။ နိုဝင်ဘာ ၅ ရက်က ဖေ့စ်ဘွတ်မှာကြော်ငြာထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ Golden Gout ကို တစ်ရက် ၂ ကြိမ် သောက်ရုံဖြင့် ဒူလာရောဂါကို သက်သာစေပြီး တစ်လအတွင်းမှာပျောက်ကင်းစေတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ မြန်လို ဒူလာရောဂါလို့လူသိများတဲ့ အင်္ဂလိပ်စကား Gout(ဂေါက်)ရောဂါကို Golden Gout က ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဖိလစ်ပိုင်မှာ အခုလို […]

Continue Reading

Fact Check: သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုပြီး ဒေါ်စုကို လွှတ်ပေးမယ်လို့ မင်းအောင်လှိုင်ပြောဆိုတဲ့သတင်းမှား

သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုလိုက်ပြီး ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိပြုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ “မင်းအောင်လှိုင် အာဆီယံနဲ့ NUGကို အသနားခံစာ ပို့နေပြီ”လို့ ရေးသားပြီး “Thai News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း သိန်းဂဏန်းရှိပါတယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာလည်း “၁၂ ရက်နေ့ မင်းအောင်လှိုင်တောင်းပန်နေပြီ သူ့ကိုမဖြုတ်ချဖို့ အာဆီယံကို တောင်းဆို ဒေါ်စုကိုလည်း လွှတ်ပေးမယ်တဲ့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIO ကပစ်ချလိုက်ပြီဆိုတဲ့ သတင်းမှား

ရဟတ်ယာဉ် ၃ စီးကို KNU နဲ့ KIA ကပစ်ချလိုက်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “Ly La” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၁၆ ရက်မှာ “ပစ်ချခံရ။မသာပေါ်ကုန်ပီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail စာသား မှာလည်း“၁၆ ရက်နေ့ ရဟတ်ယာဉ် (၃) စီး KNU နဲ့ KIO ပစ်ချလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယနေ့ လေယာဉ်နဲ့ KNU ထိန်းချုပ်နယ်မြေမှာတိုက်ခိုက်ခံရပြီး လူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်မှာစိတ်ဝင်စားမှုရရှိနေတဲ့သတင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုထဲကအသံဖိုင်ပါအကြောင်း အရာ ယနေ့ရေပန်းစားခဲ့တဲ့ […]

Continue Reading

Fact Check: တရုတ်က လမ်းကြော ၄၈ လမ်းပါတဲ့ Toll Gate လား -မဟုတ်ပါ

တရုတ်နိုင်ငံက ၄၈ လမ်းသွား Toll Gate အဝင်အဝေးပြေးလမ်းမကြီးလို့ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံထဲက Toll Gate ဟာ  ၂၅ လမ်းပါ တိုးဂိတ်ဖြစ်ပါတယ်။ “တရုတ်နိုင်ငံ က ၄၈ လမ်းသွားToll Gate အဝင်အဝေးပြေးလမ်းမကြီး”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို လမ်း ၅၀ ပါတဲ့ တရုတ်နိုင်ငံကအမြန်လမ်းဆိုတဲ့ ပုံစံမျိုးနဲ့ အခြားသော ဘာသာစကားအသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။ တစ်ချို့သော မီဒီယာတွေမှာ လည်း ဒီဓာတ်ပုံကို လမ်းပေါင်း ၅၀ ပါတဲ့ အမြန်လမ်းဆိုပြီးတော့လည်း ရေးသားကြတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ

ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲနေတဲ့ သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း”လို့ ရေးသားပြီး “Kyaw […]

Continue Reading