Archives

Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား

ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading

Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ

ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ  အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။ “ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ […]

Continue Reading

Fact Check: AA ခေါင်းဆောင် ၈ ဦးအသတ်ခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

 AA ခေါင်းဆောင်၈ ဦးကို စစ်တပ်က ဆွေးနွေးဖို့ ခေါ်ပြီး သတ်ပစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ “NUG ကို သစ္စာ ဖောက်တဲ့ ထွန်းမြတ်နိုင် ပေးဆပ်လိုက်ရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “AA ထွန်းမြတ်နိုင် လမ်းရွေးမှားပြီ ဆွေးနွေးရန်ခေါ်ပြီး AA ခေါင်းဆောင် ၈ ဦး သတ်ဖြတ်ခံရ ရခိုင်လူမျိုးတွေ လုံးဝမမေ့ဟုတုန့်ပြန်”စသည်ဖြင့်ရေးသားထားပြီး ရက်စွဲအနေနဲ့ “12/122”လို့လည်းဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အထက်ပါအတိုင်းရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ရခိုင်ပြည်နယ်မှာ နှစ်ဖက် အပစ်ရပ်လိုက်ပေမဲ့ လမ်းတွေပိတ်ထားဆဲဆိုတဲ့ ဒီဇင်ဘာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “၁ရက်နေ့အမေစုကိုလွှတ်လိုက်ပြီလို့မအလ ကြေညာချက် ထုတ်”လို့ ရေးသားပြီး “L Boy” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအဖွင့်မှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာလည်း “၁ရက်နေ့မှာ မင်းတို့အမေစုကို လွှတ်လိုက်ပြီ ၁ ရက်နေ့ မင်းအောင်လှိုင်ကြေညာ ရန်ကုန်သားတွေကြိုဆိုအောင်ပွဲခံကြ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် သတင်းမီဒီယာတွေမှာဖော်ပြပြီး အကြောင်းအရာတွေကိုပဲ ဗွီဒီယိုပုံစံနဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွှတ်မြောက်ပြီဆိုတဲ့သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းဌာန သို့မဟုတ် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတစ်ခုတစ်လေက မှဖော်ပြခြင်း မရှိပါဘူး။  ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ […]

Continue Reading

Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ

FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။ “FIFA World Cup 2022ပွဲစဥ်အား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️ #SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: KIA နဲ့ PDF က ရွာကို မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှား

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။ မကွေးတိုင်းမှာ ရေစကြိုမှာစစ်တပ်က မီးရှို့ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါပြောဆိုချက်အချို့ဖြစ်ပါတယ်။ “ရွာတွေကို ဘယ်သူမီးရှို့နေလဲ? *************************** ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါ တိုင်ကုန်းနေရာတွေမှာ KIA နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး နစကတပ်တွေကို စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ တဲ့အတွက် တိုက်ပွဲဖြစ်တယ် ထုံးစံအတိုင်း ပစ်ပြေးပြေးပြီး  ရွာလယ်ဘုရားဝန်းကျင်မှာရှိတဲ့ နေအိမ်ထဲကနေ ပစ်လို့ တိုက်ပွဲထပ်ဖြစ်တယ် ..နောက်ဆုံး မနိုင်တော့ ရွာထဲကအိမ်တွေကို KIA/PDF တွေက မီးရှို့တယ် … စစ်တပ်က မီးငြိမ်းသတ်ပေးလို့ ရွာမှာရှိတဲ့အိမ် […]

Continue Reading

Fact Check: အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦးထွက်ပြေးဆိုတဲ့ သတင်းမှား

အင်းစိန်ထောင်အတွင်းမှ ဝန်ထမ်း ၃၀၀ ဦး  ထွက်ပြေးသွားလို့ ဗိုလ်ချုပ်စိုးထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။  “အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ”လို့ ရေးသားပြီး “Akon Thi Entertainment” အမည်နဲ့ Youtube Channel အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၂၀ ရက်နေ့က  အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ ဆိုပြီး ဗွီဒီယို မျက်နှာပြင် အဖွင့် စာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။   အခြားသော […]

Continue Reading

Fact Check: အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက် ဆိုတဲ့သတင်းမှား

အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ Youtube မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လူတွေ စိတ်ဝင်စားမှုရဖို့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်အမှား ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ Youtube Channelတစ်ခုကတင်ထားတဲ့ ဗွီဒီယိုရဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ၂၉ ရက်နေ့က အိန္ဒိယက လက်နက်တွေသယ်လာတဲ့ သံချပ်ကာပါ အစီး ၈၀ ပါတဲ့ စစ်ယာဉ်တန်း ကလေး-တမူး အာရှလမ်းပေါ် မိုင်တိုင်(၅၆)မှာသိမ်းပိုက်လိုက်တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် –  Youtube link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အိန္ဒိယကနေ လက်နက်တွေသယ်လာတဲ့ မြန်မာစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ “Ayeyarwaddy Times”က နိုဝင်ဘာ ၂၇ ရက်နေ့က […]

Continue Reading

Fact Check: NUG သမ္မတ အရေးပေါ်ကြေညာ၊ပစ်မိန့်ပေးထားလို့အိမ်ပြင်မထွက်ဖို့ သတိပေးဆိုတဲ့ သတင်းခေါင်းစဉ်တု

နိုဝင်ဘာ ၂၅ ရက်မှာ NUG သမ္မတက အရေးပေါ်ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင်မထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဧရာဝတီသတင်းဌာန ကဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အရေးပေါ်အမိန့်ပေးပြီ”လို့ ရေးသားပြီး “Meakha” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ “၂၅ ရက် NUသမ္မတ အရေးပေါ် ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင် မထွက် ကြပါနဲ့”လို့လည်း ဗွီဒီယိုအဖွင့်မှာပြသတဲ့ဓာတ်ပုံစာသားထဲမှာရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုရဲ့အဖွင့်မှာ NUG သမ္မတက အရေးပေါ်ကြေညာချက်ထုတ်ပြန်၊ ပစ်မိန့်ပေးထားလို့ အပြင်မထွက်ဖို့ စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာ ဒီသတင်းခေါင်းစဉ်နဲ့ တစ်စုံတစ်ရာ […]

Continue Reading