Archives

Fact Check: PDF ကို ကား၊တိုက်ခန်းနဲ့ အခမဲ့ပညာရေးပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းတုသတင်းမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအလင်းဝင်ရောက်လာရင် ကားနဲ့တိုက်ခန်းပေးမှာဖြစ်သလို ပညာသင်ကြား ခွင့်အခမဲ့ပေးမယ်လို့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ သတင်းတွေဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “PDF တွေကို မတိုက်ခိုက်တော့ဘူးလို့ မအလ တောင်းပန်နေ”လို့ ရေးသားပြီး “News khit” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံစာသား ထဲမှာလည်း “ကြောက်ကြောက်နဲ့ပြောပြီ ၁၂ ရက်နေ့ အာဏာသိမ်းတာ မရယ်ရွယ်ခဲ့ဘူးတဲ့ PDF တွေ ပြန်လာရင် ကားနဲ့ တိုက်ခန်းပေးမယ် ပညာသင်ခွင့် အခမဲ့ဖြစ်သည်ဟု မအလ ကြေညာ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက်  PDF တွေကို အကြမ်းဖက်အဖြစ်ကြေညာကာ အမြစ်ပြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ကပြောကြားခဲ့ပြီး ၃ လ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့#ကခုန်လို့ရပြီ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၄၄၀၀ ရှိပါတယ်။ ဗွီဒီယိုအဖွင့် ရုပ်သေဓာတ်ပုံစာသားထဲမှာလည်း “အတည်ပြုပြီ (၉)ရက်နေ့ မင်းအောင်လှိုင် အမိန့်အတိုင်း အမေစု ပြန်လွတ် လာပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီကြိုဆိုနေကြပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့ကစတင်မျှဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကြည့်ရှု့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် ဒီစာမျက်နှာကပဲ “ခြံအမှတ် -၅၄ နေအိမ် အမေစုပြန်ရောက်ပြီဟု သူ့ရှေ့နေအတည်ပြုပြောကြား […]

Continue Reading

Fact Check: အတုအယောင်တွေအသုံးပြုပြီး ဆီးချိုကုသနိုင်တယ်လို့ကြော်ငြာနေတဲ့ Gluco Pro

အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းတွေမှာ ဆီးချိုကုသနိုင်တယ်လို့ကြော်ငြာနေတဲ့ Gluco Pro ဟာ အချက်အလက်မှားတွေအသုံးပြုပြီး လူတွေကိုလှည့်စားနေတာ Fact Crescendo Myanmar ကသတိပြုမိပါ တယ်။ အောက်ပါ screenshot ကတော့ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တစ်ခု ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အထက်ပါမျှဝေထားတဲ့လင့်ခ်ကို ဝင်ကြည့်မယ်ဆိုရင် Gluco Pro ကဆီးချိုရောဂါကို ကုသရေးမှာ မြန်မာနိုင်ငံက ဆရာဝန်တွေက ညွှန်းဆိုနေတဲ့ဆေးအဖြစ်ဖော်ပြထားပြီး  ဈေးကွက်ထဲကဆေးတွေထက် ပိုမိုအကျိုးဖြစ်ထွန်း တယ်လို့လည်းဆိုပါတယ်။ ၂၀၁၇ ခုနှစ်က နေပြည်တော်ရှိ Endocrinology and Interventional Radiology‌ သုတေသနမှလည်း ဒီဖြည့်စွက်စာဟာ ကမ္ဘာပေါ်ရှိ ဖြည့်စွက်စာများထက် ပို၍အကျိုး အာနိသင်ရှိတယ်လို့ ထောက်ခံကြောင်းဆိုပါတယ်။ အချက်အလက်စိစစ်ချက်  “Gluco Pro”ဆိုတဲ့စကားလုံးနဲ့ အွန်လိုင်းမှာအချက်အလက်ကိုရှာဖွေကြည့်မယ်ဆိုရင် အွန်လိုင်းဈေးရောင်းဈေး ဝယ်ဝက်ဘ်ဆိုဒ်အချို့မှာ […]

Continue Reading

Fact Check: UN နဲ့ အာဆီယံက NUG ကိုတရားဝင်အသိအမှတ်ပြုပြီဆိုတဲ့သတင်းမှား

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကို အစိုးရအဖြစ် အာဆီယံနဲ့ UN ကတရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ဆို ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြောကြားချက်ကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု အသုံးပြုပြီးဖြန့်ချိနေခြင်းဖြစ်တယ်။ “UN နှင့် အာဆီယံ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကြေညာ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၅၀၀၀ ရှိပါတယ်။ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ အာဆီယံနှင့် UN က အမိန့် ထုတ်လိုက်တယ်လို့လည်း ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံစာသားမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: တန်ဆောင်တိုင်ပွဲ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ဆိုတဲ့ သတင်းတု

အထင်ကရပွဲတစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ကုန်တယ်လို့ဆိုတဲ့ ဗွီဒီယိုပိုစ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။   “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်ပါအတိုင်း ဗွီဒီယိုတစ်ခုကို မျှဝေထားပါတယ်။ ဗွီဒီယို thumbnail စာသားထဲမှာ “07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး (၃၀) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်တဲ့ ဒီဗွီဒီယိုပါ အသံဖိုင်ထဲက အကြောင်းအရာဟာ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (pdf )တွေဘာပြောသလဲဆိုတဲ့သတင်း၊ ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်ဆိုတဲ့သတင်း၊ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ပါတယ်။ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ပျံ့နှံခဲ့တဲ့ သတင်းတွေကိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအလ လှည့်ကွင်ဆင်ဖို့ကြိုးနေပြီ အယုံမလွယ်ကြပါနဲ့”လို့ရေးသားလျှက် ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံထဲမှာ“၉ ရက်နေ့ မနက်ကိုနာရီခွဲ သတင်းထူး သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်မယ်လို့ မအလကြေငြာပြီ”လို့ ရေးသားထားတဲ့ “Rambo new”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက်  ယခုဖြန့်ဝေနေတဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က လွတ်ပေးတယ်ဆိုတဲ့ အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ အခြား […]

Continue Reading

Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး […]

Continue Reading

Fact Check: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော်သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ ‌တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ သေကုန်ပြီ ပြည်သူ ၁၀၀ ကျော်ဆုံးဟု သတင်းထွက်” “တောင်ကြီး တန်ဆောင်တိုင်ပွဲ PDF တွေ ဝင်စီးလို့ ပွဲရှယ်ကြမ်းနေပြီ “လို့ ရေးသား ပြီး “ဖြစ်ရပ်မှန်သတင်းစုံ” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ပို့စ်ကိုလည်း ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးလို့ ဒီဗွီဒီယိုစာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  […]

Continue Reading

Fact Check: အဆီချဆေးအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာ အသက်အန္တရာယ်ရှိ

အဆီချကော်ဖီအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီချခြင်းနဲ့ ခန္ဓာကိုယ် အလေး ချိန်ကျလိုတဲ့သူတွေအတွက်သုံးစွဲသင့်တဲ့ ထုတ်ကုန်အဖြစ် ရောင်းချနေတာဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ Vitaccino အမှတ်တံဆိပ်ကော်ဖီဟာ အသက်သေဆုံးနိုင်တဲ့အထိဖြစ်စေတယ်လို့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။ အောက်ပါscreenshot ကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ Vitaccino ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတိုက် တွန်းထားတဲ့ အရောင်းကြော်ငြာပို့စ်တစ်ခုပါ။ Vitaccino ကော်ဖီ ဘလက်ကော်ဖီအမျိုးအစားဖြစ်ပြီး အဆီပိုတွေ ကို အမြန်ဆုံးချချင်သူတွေအတွက်၊ ကိအစားရှောင်စရာမလိုသူတွေအတွက်၊ လေ့ကျင့်ခန်းမလုပ်လိုဘဲ ကိုယ်အလေးချိန်ချလိုသူတွေအတွက် ၁၅ ရက်အတွက်း ၁၀ ပေါင်းအထိကိုယ်အလေးချိန်ချနိုင်ပြီး တစ်လကို ၁၆ပေါင်ကနေ ပေါင် ၂၀ အထိချနိုင်တယ်လို့ဆိုပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူကြော်ငြာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ […]

Continue Reading