Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား
ရွေတိဂုံဘုရားကိုချနင်းဖို့အတွက် Hip Pop အဆိုတော် Project K အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က စေခိုင်း တာလို့ သာသနာရေးဝန်ကြီးကဖြောင့်ချက်ပေးထွက်ဆိုတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန် များစွာပျံ့နှံ့ လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ဝါဒဖြန့်ချိရေး အချက်အလက်မှားတွေဖြစ်တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ “သာ/ဝန်ဖြောင့်ချက်”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး ရွှေတိဂုံဘုရားကို နင်းတာဟာ ယတြာခြေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလုပ်ခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စအပြီးမှာ Project K ကို သိန်းတစ်ထောင်ပေးခဲ့တယ်လို့လည်းရေးသားထားပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။ “ရွေတိဂုံဘုရား ချနင်းဖို့ (ဒေါ်စု) စေခိုင်းခဲ့…. သာဝန်ထွက်ဆိုပြီး…..ပဒဲကော K ရဲ့ လုပ်ဆောင်မှု ၊ ယတြာ ကိန်းခန်းတွေ မပြတ်လုပ်ဆောင်နေတဲ့ အာဏာရ လူတွေဟာ ၂၀၂၀ မှာ ဘာသာရေး အရောင်မှိန်ပြီး သူတို့ဩဇာ အာဏာတည်စေဖို့ မဘသလိုအခြား […]
Continue Reading
