Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

False လူမှုရေး

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။

“၁၂.၄.၂၀၂၁

တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီလိုရေးမျှဝေထားတဲ့ပို့စ်တွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းလျှောက်လွှာ သွားတင်တုန်းက ပုံတွေဖြစ်တယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ထားတာ တွေ့ရပါတယ်။ 

Google မှာ အဓိကကျတဲ့စကားလုံးအသုံးပြုပြီး ရှာဖွေရရှိတဲ့ ရလာဒ်တွေထဲက ရက်စွဲအလိုက် ထပ်မံအသေးစိတ် ရှာဖွေရာမှာ ၂၀၂၀ ခုနှစ် ြသဂုတ်လ ၄ ရက်က ကော့မှူးမြို့နယ်ကဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်း စုကြည်ဟာ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားတင်ခဲ့တာတွေ့ရပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်အပြီး အပြန်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၄၊ ၂၀၂၀)”လို့ရေးသားပြီး ဗွီအိုအေမြန်မာပိုင်းက ဓာတ်ပုံကို အဲဒီအချိန်က ဖော်ပြထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် –  VOA BurmeseArchive link 

RFA Burmese သတင်းဌာနက ြသဂုတ် ၄ ရက်စွဲနဲ့ “ဒေါ်အောင်ဆန်းစုကြည် ကော့မှူးနယ်မြေအတွက် အမတ်လောင်း အမည်စာရင်းတင်”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို မျှဝေခဲ့ရာမှာလည်း ဒီမြင်ကွင်း ဓာတ်ပုံတွေကို တွေ့ရပါတယ်။

မူရင်းလင်ခ့် –  RFA BurmeseArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်စဉ်က ပုံတွေဖြစ်ပြီး ဧပြီ ၁၂ ရက်က ရုံးထုံပုံမဟုတ်တာတွေ့ရပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *