Fact Check: ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ဦးသန်းရွှေ ကတိပေးလို့ စစ်တပ်က ဖမ်းဆီးဆိုတဲ့ သတင်းတု

ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ကတိပေးလို့ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တပ်တွင်းမှာ ပွတ်လောရိုက်ကုန်ပြီဆိုတဲ့ သတင်းတုဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယို တစ်ခုဖြစ်တယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ပြန်လွှတ်ဖို့  အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ က တရုတ်ကို ကတိပေး၊ ဒီလိုကတိပေးလို့ စစ်တပ်က ဖမ်းဆီးလိုက်တယ်၊  ဦးသန်းရွှေကို ထောက်ခံတဲ့သူတွေက လက်ရှိအာဏာသိမ်း‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်ကို မကျေမနပ်ဖြစ်ကြတယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဒီအချက်အလက်တွေနဲ့ […]

Continue Reading

Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

မေ ၁ ရက်က သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယို အွန်လိုင်း အသုံးပြုသူတွေ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲအစမှာ သမ္မတဦးဝင်းမြင့်ကို ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ “ ၁ ရက်နေ့ သမ္မတ ဝင်းမြင့် လွှတ်ငြိမ်းချမ်းသာခွင့်ရလို့ ကြိုဆိုနေကြပြီ”ဆိုပြီး တော့ ရေးသားထားပါတယ်။ အောက်ပါ စရင်ရှော့ကတော့ ၂၀၂၃ ခုနှစ် မေ၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီလို့ရေးသားထားပေမဲ့ ၂ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ […]

Continue Reading

Fact Check: D-Day ဒုတိယအဆင့် NUG သမ္မတ ကြေညာပြီး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု

D-Day ဒုတိယအဆင့် NUG သမ္မတကြေညာပြီး တစ်နိုင်ငံလုံး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု ဗွီဒီယိုတစ်ခု အွန်လိုင်းအသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ “7days Media” အမည်နဲ့ ယူကျူ့ချန်နယ်ကမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုမှာ “ဒုတိယ အဆင့်မြင့် D-Day ကြေညာ စားနပ်ရိက္ခါ စုဆောင်းထားကြရန် တစ်နိုင်ငံလုံး အရေးကြီးကြေညာ”ဆိုပြီးတော့ NUG သမ္မတ ဓာတ်ပုံနှင့်အတူ မျှဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်လွဲနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စာသားသတင်းအချို့ကို ဗွီဒီယိုပုံစံပြောင်းလဲပြီး ကူးယူ ဖော်ပြနေခြင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ “NUG ခေါင်းဆောင်ပိုင်းက စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ဖို့ အချိန်ကျပြီ”ဆိုတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနက […]

Continue Reading

Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ

အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု ‌ မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ […]

Continue Reading

Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ […]

Continue Reading

Fact Check: မုံရွာမှာ USDP ဥက္ကဌ ဦးခင်ရီ ပစ်ခတ်ရှင်းလင်းခံရဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာပဲ အနီးကပ် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံနှံ့မှုအားကောင်းခဲ့ပါတယ်။  သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဦးခင်ရီ ပစ်သတ်ခံရခြင်းမရှိပါဘူး။  အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောစုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာမြို့က အစည်းအဝေးခန်း မရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုခေါင်းစီးစာသားနဲ့ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေး ပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားထားပေမဲ့ […]

Continue Reading

Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။  ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲပေးမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာ စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့  မြန်မာစစ်တပ်အကြီးအကဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပေမဲ့ တစ်စုံတစ်ရာ ရလာဒ်ထွက်‌ပေါ်ခြင်းမရှိပါဘူး။ ‌အောက်ပါစခရင်ရှော့ကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “UN အတွင်း‌ရေးမှူးချုပ်ကို ဒေါ်စုကိုအာဏာလွှဲဖို့ မအလ လက်မှတ်ထိုးပေးလိုက်ပြီ”လို့လည်း ဗွီဒီယိုထဲမှာရေးသားထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘန်ကီမွန်း လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စာရေးသားနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ဗွီဒီယို‌ခေါင်းစီးစာသား မှာလည်း “UNကို မအလ ကတိပေး လက်မှတ်ထိုးပြီ။ အမေစူကို အာဏာလွှဲမယ်” (မူရင်းအရေးအသား) လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check:  ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးတဲ့ သတင်းတုသတင်းမှား 

ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းဘက် လက်တုန့်ပြန်မယ်လို့ ကြောညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို ဗုံးမှားကြဲမိကြောင်းနဲ့ ထိုင်းလေတပ်ချုပ်က ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link နောက်ထပ် ရေးသားဖြန့်ဝေမှုတစ်ခုမှာတော့ ထိုင်းဘက် ဗုံးမှားကြဲမိလို့ လူ ၂၀၀ သေဆုံးပြီး ထိုင်းက သွေးကြွေး ပြန်တောင်းမယ်လို့ ချက်ချင်းကြေညာတယ်လို့လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုတွေကို ထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်က PDF တွေနဲ့ပတ်သက်တဲ့ […]

Continue Reading

Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။  ‌အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အ‌မေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က […]

Continue Reading