Fact Check: အီတလီမှာ ကျောက်ခဲမိုးရွာနေတာလား-မဟုတ်ပါ

အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းမှုအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါ တယ်။ ကျောက်ခဲလို့ယူဆရတဲ့ အရာတွေကားတွေပေါ်တဗြုန်းဗြုန်းနဲ့ကြွေကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ တကယ်တော့ ရိုမေနီးယားနိုင်မှာ ၂၀၁၉ ခုနှစ်က မိုးသီးကြွေကျနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “မကြားဘူးတဲ့ ကပ်ဘေးပဲ အီတလီနိုင်ငံ၌  ဗုဒ္ဓဟူးနေ့ကကျောက်ခဲလုံးမိုးများရွာချနေစဉ်”လို့ ရေးသားပြီး “Zaw Myo Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချို့သောပို့စ်တွေ မှာ ဒီလိုဖြစ်ပျက်တာဟာ ဘာသာရေးကြောင့်ဆိုပြီးတော့လည်း ရေးသားနေကြတာတွေ့ရပါတယ်။ အချက်အ လက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ အဓိကျတဲ့စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ထဲမှာအမြောက်အများ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ၂၀၁၉ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား        

​ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာကနေပြန်လွတ်ပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ ။ပြည်သူတွေ မျက်ရည်ပါကျတယ်”လို့ ရေးသားပြီး “Third News ll” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အတူ ဒီဗွီဒီယိုကို တူညီစွာရေးသားပြီး “Today new”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းမျှဝေထားရာ ဒီဗွီဒီယိုပြန်လည်မျှဝေမှုပေါင်း ၃၀၀၀ ကျော်၊ ဗွီဒီယိုကြည့်ရှူ့မှုပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်တပ်အလိုကျတည်ထောင်ထားတဲ့ အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ […]

Continue Reading

Fact Check: KIA တပ်မဟာ ၈ ဗုံးကြဲမှုအတွင်း KIA နဲ့ PDF ၈၃ ယောက်သေဆုံးမှု သတင်းမှား

KIA တပ်မဟာ ၈ ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA နဲ့ PDF ၈၃ ယောက်သေဆုံးခဲ့ကာ လက်နက်တိုက်အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံခဲ့ပါတယ်။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။   KIA တပ်မဟာ ၈ ကို စစ်တပ်က ညပိုင်းမှာ လျှပ်တပျက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရာအသီးသီးနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ KIO တာဝန်ရှိသူက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ ဒီလိုပြောဆိုချက်တွေပါဝင်ပြီးပို့စ်ခုပါ။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ ခုနှစ်အတွင်းက ကျွန်ပညာရေးကို သရုပ်ဖော် ဆန္ဒပြဓာတ်ပုံတွေသာဖြစ်ပါတယ်

စာသင်ကျောင်းမှာ အရက်ပုလင်းထောင်ကာဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်ထောက်ပြီး PDF တွေက အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတယ်ဆိုပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ရေဦးမြို့နယ်မှာ ကျွန်ပညာရေး သရုပ်ဖော်ဆန္ဒပြစဉ်က ဓာတ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ “Breaking News PDF အကြမ်းဖက်များမှ စာသင်ကျောင်းမှာ မိုက်ကြေးခွဲ အရက်ပုလင်းထောင်ကာ ဆရာ ဆရာမများနဲ့ ကျောင်းသူ ကျောင်းသားလေးများကို သေနတ်ထောက်ကာ အတင်းအဓမ္မ ဆန္ဒပြခိုင်”လို့ ရေးသားပြီး “Angelina Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: သတင်းတုနဲ့အကြောင်းအရာမှားတွေပေးပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေး တကယ်မလုပ်မဖြစ်ပါ

 မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဟာ Glucopro ကိုသောက်ဖို့ ညွှန်းတယ်ဆိုပြီး လူတွေကိုနားလည်မှုလွဲစေနိုင်တဲ့ ကြေညာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံက endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုနဲ့ အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိတဲ့ Surya Swandito ဆီးချိုရောဂါဖြင့် ရုန်းကန်ခဲ့ရပေမဲ့ အခု GlucoPRO သောက်လို့ပျောက်ပြီလို့ လည်း ဆေးကြော်ငြာကဆိုပါတယ်။ သတင်းတုဖြစ်ပါတယ်။ အဟာရဖြည့်စွက်ဆေးတစ်ခုကို ၂၀၁၇ ခုနှစ်က သေဆုံးသွားပြီဖြစ်တဲ့ အပြင်မှာတကယ်မရှိတော့တဲ့ ဂျပန်ဆရာဝန်တစ်ဦးကို အသုံးပြုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဆေးဟာ တကယ်ပဲ ပြောသလိုအစွမ်းရှိတယ်ဆိုတဲ့အထောက် အထားလည်းမရှိပါဘူး။ အောက်ပါစာသားကတော့ ဘလော့ဂ်ပို့စ်ပါ ဆေးကြော်ငြာထဲက ကောက်နှုတ်ချက်အဖြစ်ပါတယ်။ “ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ် မြန်မာနိုင်ငံ၏ ကျော်ကြားသော […]

Continue Reading

Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန်  ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။  “ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည် ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် […]

Continue Reading

Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) […]

Continue Reading

Fact Check: ကုန်ဈေးနှုန်းတက်လို့ အလှူငွေမရတော့ဘူးလို့ ဒေါက်တာဆာဆာပြော ဆိုတဲ့ သတင်းတု

ကုန်ဈေးနှုန်းများတက်လာခြင်းနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် NUG အတွက် အလှူငွေဖို့ရဖို့ခက်ခဲ နေပြီး ဒေါက်တာဆာဆာကလည်း နိုင်ငံတကာက အထောက်အပံ့တစ်ပြားတစ်ချပ်မှ မရဘူးလို့ဖွင့်ဟလာတယ် ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၁၂ ရက်က “အောင်စစ်သည်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသား မျှဝေထားတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅၂၀ ရှိထားသလို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း ပြန်လည်ကူးယူးဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ “ရော့… အဲ့မှာ တစ်ကွက်  ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ နေပြည်တော် ဩဂုတ် ၁၂၊  ၂၀၂၂ နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ […]

Continue Reading

Fact Check: ချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တယ်-မယုံပါနဲ့

မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများရှိနေပါတယ်။ ပိုက်ဆံ အမှန်တကယ် လိုအပ်နေတဲ့ မသိနားမလည်သူတွေကို ပစ်မှတ်ထားပြီးလိမ်လည်လှည့်ဖြားနေတဲ့စာမျက်နှာတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ချေးငွေလုပ်ငန်းအယောင်ဆောင်စာမျက်နှာတစ်ခုက ဖော်ပြထားတဲ့စာသား တွေပဲဖြစ်ပါတယ်။ ဒီစာသားတွေနဲ့အတူ ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံကိုလည်းပါဝင်ပါတယ်။ “မင်္ဂလာပါရှင့် 🙏🙏 မြစိမ်းရောင်ချေးငွေလုပ်ငန်း မှ လူကြီးမင်းတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေကိုလျောက်ထားနိုင်ပါပြီရှင် နေ့စဉ် နံနက် (7:30) မိနစ် မှ ညနေ (6:30) မိနစ်အထိရုံးဖွင့်လှစ်ထားပါတယ် (အတိုးငွေမှာ (1) ks တိုးနှုန်းဖြစ်ပါတယ်) (5)သိန်းကျပ် မှစတင်၍ ကျပ်သိန်း(500)ထိ ချေးငွေထုတ်ယူနိုင်ပါသည် (လစဉ်ပုံမှန်သာအတိုးကိုပေးဆောင်ရပါမည်) (ချေးငွေလျောက်ထားရန် အချက်လက် ဘာတွေလိုမလည်း) 1=အမည် နေရပ်လိပ်စာ အလုပ်အကိုင် 2=မှတ်ပုံတင်/ရှေ့/နောက်/နှစ်ပုံ 3=အိမ်ထောင်စုစရင်း […]

Continue Reading