Fact Check: ယခုနှစ် တပ်မတော်နေ့အခမ်းအနားတက်လာတဲ့ အိန္ဒြာကျော်ဇင်နဲ့ ချမ်းမြေ့မောင်ချို ဓာတ်ပုံလား-မဟုတ်ပါ

သရုပ်ဆောင် အိန္ဒြကျော်ဇင်နဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ ယခုနှစ် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဓာတ်ပုံသာဖြစ်ပါတယ်။ “နင်….. နင်တို့ လုပ်ရက်လိုက်တာ မောင်ချို နဲ့ အူဝဲရာ 🤧🤧”လို့ ရေးသားပြီး “Aung Myat Thu”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီးတော့ အဆိုတော် ချမ်းမြေ့မောင်ချိုက သူမရဲ့ လူမှုကွန်ယက်အကောင့် က တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။ “နေ့ချင်းညချင်းတော့ […]

Continue Reading

Fact Check: ကလေး PDF ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံကိုအသုံးပြုဝါဒဖြန့်ချိ

PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်ဆိုပြီးတော့ အိမ်တ အိမ်ရှေ့မှာပျောက်ကျားဝတ်စုံလက်နက်ကိုင်တွေ စုဝေးနေတဲ့ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ People Defense Force (Kalay)အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မူလဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံဖြစ်ပြီး မူလထုတ်ပြန်ထားတဲ့အကြောင်းနဲ့ ဆန့်ကျင်ဘက်ရေးသား ဖော်ပြထား တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း‌ဒေသကို PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့ ================================ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း‌ဒေသကို PDF အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့နေတယ်သိရ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးဖို့ဆိုပြီးရွာထဲကိုဝင်လာကြတယ်ပြီးတော့တစ်အိမ်ထောင်ကို ၅ သောင်းကျပ်နဲ့ထောက်ပံ့ရမယ်ဆိုပြီးတောင်းတယ် ပြည်သူ့ကာကွယ်ရေးရံပုံငွေဆိုပြီးတော့ မပေးရင် ဒလန်လို့သတ်မှတ်ပြီးတော့ဖမ်းတယ် မရှိမဲ့ရှိမဲ့ထဲကပေးနေကြရတယ်လို့သိရပါတယ် အခုဆိုရင် PDF တွေဝင်လာတိုင်းတိုက်ပွဲဖြစ် တိုက်ပွဲဖြစ်တော့ရွာလုံးကျွတ်တွေပြေးကြရတယ် နေရထိုင်ရတာအဆင်မပြေပါဘူးလို့ကလေးမြို့နယ်ထဲကပြည်သူတစ်ဦးမှရင်ဖွင့်လာပါတယ် ဖြစ်နိုင်ရင်စစ်တပ်နဲ့ရွာပြင်မှာချကြပါပေါ့ ရွာထဲမှာတိုက်ပွဲမဖန်တီးပါနဲ့လို့ပြောလာပါတယ်*** PO ” စသည်ဖြင့် ရေးသားပြီး “NA Jitt”အမည်နဲ့ […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ယူကရိန်းအလှမယ် တိုက်ပွဲမဝင်သလို တိုက်ပွဲလည်းမကျပါ

ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016 အလှမယ် Natasha Perakov ဟာတိုက်ပွဲအတွင်းမှာ ကျဆုံးသွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။  ဓာတ်ပုံတွေဟာ အလှမယ် Anastasiia Lenna ရဲ့ ဓာတ်ပုံတွေဖြစ်ပြီး သူမဟာ စစ်ထဲဝင်ခဲ့ခြင်းမရှိသလို တိုက်ပွဲမှာလည်းပါဝင်ခြင်းမရှိကြောင်း ရှင်းလင်းထားပါတယ်။ “ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ Miss Grand Ukraine 2015,Miss Supranational Ukraine 2016အလှမယ် Natasha Perakovဟာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါပြီ သူမကွယ်လွန်ချိန်မှာ အသက်၂၈နှစ်ပါ RIP Natasha Perakov🙏 Miss Grand InternationallMiss SupranationallMin HtikeeMin HtikeeArakha Min HtikeeMin […]

Continue Reading

Fact Check: KNLA တပ်မဟာ (၅) မှာ NUG ကငွေအတုထုတ်နေတယ်ဆိုတာ မဟုတ်ပါ

KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာ NUG ကငွေစက္ကူအတုတွေထုတ်နေတယ်ဆိုပြီးတော့ ငွေစက္ကူ ရိုက်နေတဲ့ဓာတ်ပုံနဲ့ ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀၀၀ တန်အချို့ကိုဖော်ပြထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ သတင်းမှား တစ်ခုသာဖြစ်ပါတယ်။ KNLA တပ်မဟာ ၅ တာဝန်ရှိသူက ဒီသတင်းကို ငြင်းဆိုထားသလို ဓာတ်ပုံတွေဟာလည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်တဲ့ ငွေစက္ကူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်ကတော့ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တည်နေရာ.KNU.5/7.ဘဲကလော်.ဒုက္ခသည်စခန်း နိုင်ငံခြားသား(WMS) ပညာရှင်တွေလက်ရာတွေ NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများထုတ်လုပ်ခြင်းဆောင်ရွက်နေ NLD ပါတီမှတောခိုပြီး ဒုက္ခရောက်နေသည့် PDFများအား ထောက်ပံ့ရန် ငွေးကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်စီးနေ အဆိုပါ ငွေကြေးအတုထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) […]

Continue Reading

Fact Check: ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာအတု

တရားဝင်လိုင်စင်ရထားတဲ့ ချေငွေလုပ်ငန်းက အတိုးနှုန်းထားသက်သက်သာသာနဲ့ ချေးငွေတွေ ထုတ်ချေးနေပြီး ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပို့စ်တင်ရေးသားပြီး လိမ်ညာနေတာတာတွေ မကြာခဏတွေ့ရပါတယ်။ အောက်ပါစာသားကတော့ မြစိမ်းရောင် ချေးငွေလုပ်ငန်းအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြထားတဲ့ စာသားတစ်ချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “မြစိမ်းရောင် ချေငွေလုပ်ငန်းမှ တရားဝင်လိုင်စင်ရ ငွေချေး ဝန်ဆောင်မူ ကုမ္ပဏီမှ လူကြီးမင်းတို့ လိုအပ်သလောက် အရင်းနှီးငွေကို onlineမှ တစ်ဆင့် လွယ်ကူလျှင်မြန်စွာ ချေးယူနိူင်ပါပီ လုပ်ငန်းရှင်များ 5သိန်း.မှစပြီး သိန်း.500.အထိ  ချေးယူနှိင်ပါတယ်  “အတိုးနူန်းမှာ”1″ကျပ်တိုးဖြစ်ပါတယ် 10/သိန်းမှ10/သိန်းအောက်ချေးယူသူများ (1)နှစ်အသုံးပြု၍1/နှစ်အတွင်းအတိုးအရင်းအကျေပြန်ဆပ်ရပါမည်10/သိန်းမှ10/သိန်းအထက်500/သိန်းထိအဆင့်ဆင့်ချေးယူသူများ1/နှစ်မှ5/နှစ်အတွင်းအဆင့်ဆင့်သုံး၍အတိုးအရင်းအကျေပြန်ဆပ်ရပါမည် အတိုးကိုတစ်လတစ်ခါလစဉ်ပုံမှန်ပြန်ဆပ်သွားရပါမယ်အရင်းကိုတော့မိမိအစဉ်ပြေသလိုအရစ်ကျခွဲဆပ်သွားရပါမယ် (ဥပမာ)ဒီလမှာအတိုးဆပ်ပြီးတော့/အရင်းကို (10)သိန်းခွဲလိုက်ပြီဆိုရင်နောက်လမှာ10/သိန်းစာအတိုးရော့သွားမှာပဲဖြစ်ပါတယ်နော် ” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် နားမလည်တာတွေရှိရင် ( 09684252961)  ဖုန်းခေါ်ပြီးဖြစ်စေ Viber ကတစ်ဆင့်ဖြစ်စေဆက်သွယ်နိုင်တယ်လို့လည်းရေးသားထားပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ICJ အမှူပိတ်သိမ်းတယ်ဆိုတာ မဟုတ်ပါ

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုမှာ တရားသူကြီးတွေ နှုတ်ထွက်ကုန်လို့ အမှုပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ တရားသူကြီးတွေလည်း နုတ်ထွက်ခြင်းမရှိသလို အမှုလည်း ပိတ်သိမ်းခြင်း လည်း မရှိပါဘူး။ “နောက်ဆုံးရတဲ့သတင့်းလေးပါ မြန်မာ..ဂမ်ဘီယာ…ICJ.ခုံရုံးအခြေအနေ ICJ..တရားသူကြီးတွေနှုတ်ထွက်ကုန်လို့ အမှု့ရုပ်သိမ်းတယ်လို့ကြားရတယ်… OIC..နိုင်ငံလက်အောက်ခံ..မလေးအင်ဒို…ဘရူးနိုင့း US..လက်အောက်ခံ..စက်ာပူ…ဖိလစ်ပိုင်..ထိုင်း နားကားဖို့ရှိတယ်.. သိရသလောက်ပါ. Sittway Thitsar …ကရင်ပြည်နယ် ” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွဲဆိုထားတဲ့ အမှုဟာ ဆက်လက်ကြားနာဆဲ အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။  […]

Continue Reading

Fact Check: စစ်ကိုင်း ကောင်းမှုတော်ဘုရားက စည်တော်ကြီး စစ်တပ်ကရွှေ့ပြောင်းမှုနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်သတင်းမှား

စစ်ကိုင်း ကောင်းမှုတော်ဘုရားက အလှူရှင်တစ်ဦးထုလုပ်လှူဒါန်းထားတဲ့ စည်တော်ကြီးဟာ  အင်ဒို/ပသီအောက် လမ်းနည်းနဲ့ ယတြာချေထားတာကြောင့် စစ်ကိုင်းတိုင်းမှာ သေကြေပျက်စီးမှုတွေဖြစ်ရတယ်လို့ ရေးသား ထားတာတဲ့ ဝါဒဖြန့်သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ စစ်ကိုင်းကောင်းမှုတော်ဘုရားကနေ စစ်တပ်က ဒီစည်တော်ကြီးကို ဖယ်ရှားတော့မယ့်အချိန်နဲ့ အခုလို ရေးသားထားတဲ့ ပို့စ်တွေဟာ ချိန်ကိုက်ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ စည်တော်ကြီးဓာတ်ပုံနဲ့အတူ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ ကောက်နှုတ်ချက် စာသားပဲဖြစ်ပါတယ်။ “#စစ်ကိုင်းတိုင်းဒုက္ခရောက်ရခြင်းတရားခံ ယခု စစ်ကိုင်းတိုင်းက အရင်စစ်ကိုင်းတိုင်း နဲ့ မတူတော့ပဲ၊ စစ်ကိုင်းတိုင်းနယ်ခံရဟန်း ရှင်လူပြည်သူတွေသေကြေပျက်စီးကြနေတာမျက်မြင်ကိုယ်တွေ့ပါပဲ။အပြစ်မဲ့သံဃာ (၁၇)ပါးလည်းအကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် သင်္ချိုင်းက ကုက္ကိုရ်သားနဲ့စည်ထွင်းပြီး ကောင်းမှုတော်ဘုရားကြီးရဲ့အင်္ဂါထောင့်မှာ အင်ဒို/ပသီအောက်လမ်းနည်း(Black Magic)ဖြင့်ယတြာချေတဲ့အနေနဲ့လှူဒါန်းခဲ့ပါတယ်။” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် “အဲဒီ အချိန်တုံးက အတွင်းသိနေတဲ့ ရဟန်း သံဃာအရှင်မြတ်အချို့နဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဗြိတိန်ခရီးစဉ်က ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

ဒေါ်အောင်ဆန်းစုကြည် ပင်တဂွန်စစ်ဌာနချုပ်ကို သွားလည်ပတ်ခဲ့စဉ်က မြန်မာနိုင်ငံအကြောင်း ဆွေးနွေးနေခဲ့ တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ မြေပုံတစ်ခုကို အနောက်တိုင်း စစ်အရာရှိတစ်ဦးက ရှင်းပြနေဟန်နဲ့ ပါဝင်ပြီး ခရီစဉ်အပြီးမှာ မြန်မာနိုင်ငံမှာ ရခိုင်အရေးဖြစ်တယ်လို့လည်း ရေးသားထားတဲ့ပို့စ်မှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဗြိတိန်နိုင်ငံခရီးစဉ်မှာ  ဒေါ်အောင်ဆန်းစုကြည် စစ်တက္ကသိုလ် တစ်ခုကို သွားရောက်လည်ပတ်စဉ်ကဖြစ်ပါတယ်။ အောက်ပါကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားဖြစ်ပါတယ်။ “ဒေါ်စုဘာမြေပုံတွေကြည့်နေသလဲ (မြန်မာနိုင်ငံမြေပုံပေါ့) ဒါဘယ်နေရာလဲ?  (ပင်တဂွန်စစ်ဌာနချုပ်ထဲမှာပေါ့) ဒီခရီးစဥ်ကအပြန် ဘာဖြစ်လာလဲ?  (ရခိုင်ပြည်နယ်အရေးအခင်းထ ဖြစ်ပါတယ်) ဒေါ်စုကြည်ပင်တဂွန်စစ်ဌာနချုပ်ထဲအထိ ဘာသွားလုပ်သလဲ (——-? )” စသည်ဖြင့် ရေးသားပြီး “နွေဦး သခင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းဆိုပြီးတော့ အပြာနဲ့အဝါစပ်အလံခြုံထားတဲ့ အမျိုးသား ကောင်လေးနဲ့ ဖြူ၊ပြာ၊နီစပ်ကြားအလံခြုံထားတဲ့ကောင်မလေးတစ်တို့ ရင်ချင်းအပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဖြူ၊ပြာ၊နီစက်ကြားအလံဟာ ရုရှားနိုင်ငံအလံဖြစ်ပြီး အပြာ၊အဝါစပ်အလံဟာ ယူကရိန်နိုင်ငံအလံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။ “နှစ်နိုင်ငံကြား စစ်ဖြစ်နေပေမယ့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံးပါပဲ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု ၁၅၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ […]

Continue Reading