Fact Check: ဒီဗွီဒီယိုက ယူကရိန်းကို လက်နက်ပို့တဲ့ ရထားကို ရိုက်ကူးထားတာလား- မဟုတ်ပါ

စစ်တပ်သုံးကားနဲ့ သံချပ်ကာတွေ တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စင်းကို ယူကရိန်းကို လက်နက်တွေ တင်ပို့တဲ့ ဗွီဒီယိုမြင်ကွင်းလို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ယူကရိန်းကို EU အပါအဝင် ဒီမိုကရေစီမဟာမိတ်တွေက လက်နက်ပံ့ပိုးမယ်ဆိုတဲ့ သတင်းတွေ(ဒီနေရာ၊ဒီနေရာ)နဲ့အတူ ဒီဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ကနေဒါနိုင်ငံက ဗွီဒီယိုတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ “Lethal ware Support Ukraine သို့ပို့ဆောင်မူ  မြင်ကွင်း။” စသည်ဖြင့် ရေးသားပြီး “Mahar Khine”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက မတ် ၃  အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အင်္ဂလိပ်ဘာသာနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲက ရထားခေါင်းတွဲမှာ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီဝတ်အမျိုးသားတစ်ဦးဓာတ်ပုံနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးဟာ စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြစ်ကြီးနားမြို့နေ ဇနီးမောင်နှံကို ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာကို မကျေနပ်လို့ အခုလို အလင်းဝင်တာလို့လည်း ဒီပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ဖော်ပြထားပါတယ်။ သို့သော် ဓာတ်ပုံပါအမျိုးသား ၂၀၁၅ ခုနှစ်အတွင်းက KIA ဆီကအလင်းဝင်လာတဲ့ အမျိုးသားဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ မှ […]

Continue Reading

Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်

ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  “ကောလင်းတွင်CDM၄ဦးကိုPDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့ ဖေဖော်ဝါရီ၂၃၊၂၀၂၂ ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM ထွေအုပ်စာရေးမ အပါအဝင်၄ဦး ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။  တပ်မတော်စစ်ကြောင်းမှလူသတ် PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု […]

Continue Reading

Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ

ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။  အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ  “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။  “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦 Велике спасибі Україні за те, що висловлює занепокоєння […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီး တပ်သားတွေ မဟုတ်ပါ

ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေလို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ လေထီးခုန်နေသူအများအပြားကို ရိုက်ကူးထားဟန်ရှိပြီး လေယာဉ်တစ်စီး ပျံသန်းသွားတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ဗွီဒီယိုဖြစ်တာတွေ့ရပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ “ ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော  ရုရှားလေထီးတပ်သားများ Video Crd”လို့ ရေးသားပြီး “Harry – Forex Business Consultant”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော် ဝါရီ ၂၅ ရက်က ဒီဗွီဒီယိုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၂၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီစွာရေးသားမျှဝေထားပြီး […]

Continue Reading

Fact Check: ကျပ် ငါးထောင်တန်များကို ငွေမဲအဖြစ်ကြေငြာတယ်ဆိုတာ မဟုတ်ပါ

မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းကြေညာသူ ၂ ဦးရဲ့ဓာတ်ပုံပေါ်မှာ “မြန်မာငွေ ငါးထောင်တန် များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာ”လို့ စာတန်းထိုးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်က အောက်ပါအတိုင်း ဖေ့စ်ဘွတ်မှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မျှဝေထားတဲ့လင့်ခ်ကို နှိပ်ကြည့်ရာမှာ Love daily အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ကျပ် ၅၀၀၀ တန်တွေကို ငွေမဲကြေညာတဲ့ […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်က ရုရှားမှာအစမ်းလေ့ကျင်ပျံသန်းမှုဗွီဒီယိုကို လက်ရှိ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအဖြစ်မျှဝေ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဆိုပြီး လေယာဉ်တွေအုပ်စုဖွဲ့ပျံ့သန်းလာတာကို အဆောက်အဦး တစ်ခုအောက်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီဗွီဒီယိုထဲမှာ တိုက်လေယာဉ်အုပ်စုနဲ့ ရဟတ်ယာဉ်တွေ လအုပ်စုဖွဲ့ပျံသန်းလာတာတွေပါဝင်ပြီး အခြားသော ပေါက်ကွဲမှု၊ပစ်ခတ်မှုမြင်ကွင်းတွေလည်းပါဝင်ပါတယ်။ သို့သော် တိုက်လေယာဉ်တွေ အုပ်စုဖွဲ့ပျံသန်းလာတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ရုရှားက ယူကရိန်းကိုကျူးကျော်စစ် ထိုးစစ်ဆင်လိုက်တဲ့ ရုပ်သံများကို စုစည်းတင်ပြထား ပါသည်။” စသည်ဖြင့်ရေးသားပြီး “Andrew KC”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရောက်ခဲ့ပြီး ရုရှားတပ်တွေဟာ မြို့တော် ကိယက်ဗ် (Kyiv)အနီးအထိရောက်ရှိနေပါတယ်။ […]

Continue Reading

Fact Check: ရုရှားကျူးကျော်မှုကို ယူကရိန်းသမ္မတကိုယ်တိုင် စစ်ထွက်တိုက်နေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုသတင်းဟာ လူမှုကွန်ယက် အသုံးပြုသူများအကြား ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်းအားမမျှပေမဲ့ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကနေ ခုခံကာကွယ်နေတယ်လို့ ချီးကျူးရေးသားထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ယူကရိန်းသမ္မတ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းက  စစ်အခြေစိုက် စခန်းတွေကို သွားရောက်လည်ပတ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို […]

Continue Reading

Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check: အိန္ဒိယနိုင်ငံက ဆင်ပုံသဏ္ဌာန် ရဟတ်ယာဉ် ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်အဖြစ် ပျံ့နှံ့မှုအားကောင်းခဲ့သည်

လေယာဉ်တွေပျက်မကျအောင်လို့ ဆင်ပျံ့နဲ့ စစ်တပ်က ယတြာချေနေတဲ့ဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှု အားကောင်းခဲ့တာတွေ့ရပါတယ်။ ရဟတ်ယာဉ်မှာ ဆင်ပုံသဏ္ဌာန်အလှဆင်ထားပြီး ပျံသန်းနေတဲ့ အဖြူအမည်းဓာတ်ပုံ ၂ ပုံ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ ကျော်က အိန္ဒိယလေတပ်က လွတ်လပ်ရေးနေတဲ့ အခမ်းအနားမှာ ဆင်ယင်ပျံသန်းပြခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။ “ဗုဒ္ဓဟူးနံ လိန်ဗျံတွေ ထပ်မပျက်အောင် ဗုဒ္ဓဟူးဂြိုဟ် ဆင်ပျံနဲ့ ဗဗယတြာချေတာတဲ့။  မိုမိုရေ ……ဝူး 😁😁😁 ဆင်ကြီးကို ဂဠုံအချီခံရတော့မယ် ဗဗ😂”စသည်ဖြင့်ရေးသားပြီး “စောအာဲ ဆိုဒ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading