Fact Check:  ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ဖောက်ခွဲတဲ့ သတင်းတု

မြောက်ဦးဆေးရုံးဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  — ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူ ပိုက်လိုင်း ပြာကျ မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ ။ မြောက်ဦးဗုံးကြဲမှု AA လက်စားချေလိုက်ပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ကျောက်ဖြူက […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က  မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်း‌ပျောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: TNLA နဲ့ MNDAA ခေါင်းဆောင်တွေက  NUG ကို ဝေဖန်ချက်တွေလား-မဟုတ်ပါ 

TNLA အထွေထွေအတွင်း‌ရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ TNLA ကလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဒီလိုပြောကြားချက် မရှိကြောင်း  တရားဝင် ငြင်းဆိုထားတယ်။  ၂၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဆီကနေ နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေအချို့ကို ပြန်ပေးအပ်ကာ ငြိမ်းချမ်းရေးရယူခဲ့ရပြီး‌နောက် ဒီ ၂ ဖွဲ့ဟာ မြန်မာလူထုရဲ့ ဝေဖန်မှုကို ခံနေရချိန်လည်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဘယ် NUG လော်ဘီ မီဒီယာမှမတင်ပြရဲသော အမှန်တရားများ”ဆိုပြီး “star news”အမည်နဲ့‌ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်ငြိမ်းဟေ့ အမှုတွေ ရုတ်သိမ်းပြီ လူထုခေါင်းဆောင် ဆိုတာဒါပဲ့ ပြည်သူတွေ ပြည့်နေပြီ နိုင်ငံရေး အကျဉ်းသားအားလုံး အိမ်ပြန်နေကြပြီ အထူးသတင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲကျပြီး သေဆုံးဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မူးလဲကျပြီး သေဆုံးမှုဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ရုပ်ရှင်ဆန်ဆန် မူးလဲပြီး သေဆုံး ခုမှ သိရလို့ တစ်ိုင်ငံလုံး ပြည်သူတွေ ထခုန်နေကြပြီ မင်းအောင်လှိုင် မူးလဲပြီး ဆေးရုံမှာ မသေမရှင်ဖြစ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုဖြန့်ချိတာ၊ လုံဝ လုပ်ကြံပြောဆိုတာတွေပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading

Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီး‌နောက်မှာ စစ်တပ်က ဝေဖန်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီမင်းသားမင်းသမီးတွေဟာ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက နာမည်နဲ့တကွ သရုပ်ဆောင်ဖို့ အမိန့်ပေးလို့ လုပ်ရတယ်လို့ ဆိုပြီး အမိန့်စာတခု ပျံ့နှံ့လာခဲ့ပါတယ်။တကယ်တော့ အတုပြုလုပ်ချက်ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်တို့ ဗမာတိုင်းရင်သားတစု နေတိုးခြူးလေးတိုကိုပြောချင်ရင် ဒီစာကိုဖတ်ပြီးမှပြောပါ”ဆိုပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာကို “Aung Thein”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Original link | Archive link တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် “ခေတ်သမိုင်းကို […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှု သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လတ်တလော အဖြစ်အပျက်မဟုတ်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မင်္ဂလာဒုံလေဆိပ် အမှောင်ကျပြီ မင်္ဂလာဒုံလေဆိပ် ၁၀၇မမနဲ့ တိုက်ခိုက်ခံရပြီး စစ်ခွေး အသေအပျောက်များနေ၊ လေဆိပ်ကို အမှောင်ချထား” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Tht Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က ဖော်ပြချက် သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း  အမှန်တကယ်မှာ ၂၀၁၃ ခုနှစ်က သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားသလို ချဲ့ကား ရေးသားထားခြင်းဖြစ်တာလည်းတွေ့ရတယ်။ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု

အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး  ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ” Original link | Archive link ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်‌ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ […]

Continue Reading