Fact Check: ဒေါက်တာစင်သီယာမောင်ကို အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား တယ်ဆိုတာ မဟုတ်ပါ

 အစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဒေါက်တာစင်သီယာမောင်ကို အာဆီယံ(ASEAN) က ဖိတ်ခေါ် ထားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျှက်ရှိပါတယ်။   သို့သော် ဒေါက်တာစင်သီယာမောင်ကတော့ ဒီသတင်းဟာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အောက်ဖော်ပြပါ screenshot ကတော့ အလားတူ ပြောဆိုချက်ပါဝင်တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ် တစ်ခုဖြစ်ပါတယ်။ “အာစီယံအစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု  ဒေါက်တာစင်သီယာမောင်ကို ASEAN မှ ဖိတ်ခေါ်”လို့ အစချီရေးသားထားပြီး ဒေါက်တာစင်သီယာမောင်ရဲ့ အတ္ထုပ္ပတိကိုလည်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ထပ်မံရှာဖွေကြည့်ရာမှာ ဒေါက်တာစင်သီယာ မောင်က အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြား […]

Continue Reading

Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။  “ခြံအမှတ်(၅၄) လို့ပြောတာပဲ ရွှေကတစ်တန်ခွဲရှိတယ်တဲ. ငွေကစစ်နေတာမပြီးသေးဘူးတဲ. photo credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း မိသားစုဝင်တွေကို လှည်းကူး PDF က ခြိမ်းခြောက်ဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို  လှည်းကူး PDF က ခြိမ်းခြောက်တဲ့ စာဆိုပြီး တော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာကျအောင်လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အသက်လုံခြုံမှုကို အာမခံဘူးလို့ ရေးသား ထားပါတယ်။  သို့သော် Hlegu Defence Force –Hlegu PDF အမည်နဲ့ စာမျက်နှာက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒေါက်တာဆိတ်ဖွား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက “လှည်းကူး နဲ့ ရန်ကုန် PDF များ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် အနှစ်ချုပ်”လို့ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒေါ်ကြူကြူလှကို ဩဇာအရှိဆုံးအမျိုးသမီးအဖြစ်ဖော်ပြခဲ့ခြင်း မရှိပါ

စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၁၇ ရက်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှကို မြန်မာနိုင်ငံရဲ့ ဩဇာအရှိဆုံးအမျိုးအသီးအဖြစ်ဖော်ပြခဲ့တယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးကို ပြုပြင်ပြောင်းလဲပြီး ဟာသပြုလုပ်မျှနေခြင်းဖြစ်ပါတယ်။   “မြန်မာနိုင်ငံတွင် ဩဇာအာဏာအရှိဆုံးအမျိုးသမီးအဖြစ် ဒေါ်ကြူကြူလှကို မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ များမှ ဖော်ပြ  17. 9. 2021”လို့ရေးသားပြီး “ဟားတော်မူ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၁၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ မျက်နှာဖုံးအတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ […]

Continue Reading

Fact Check: NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ် လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သတင်းစာတစ်စောင်က ရေးသားဖော်ပြချက်ဖြတ်ပိုင်း တစ်ခုလို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားမပေးကြောင်းနဲ့ NUG ရဲ့လုပ်ရပ်တွေကို အံ့ြသဝမ်းနည်းရကြောင်း သူ့ရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဒီလိုပြောကြားခဲ့တာ မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။   “NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ရေးသားပြီး “နေဘုန်းခန့်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူ ရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ ဒီ‌နေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စမ်းချောင်းက PDF ခေါင်းဆောင်ဖမ်းမိတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

စမ်းချောင်းမှ ဖမ်းမိတဲ့ PDF  ခေါင်းဆောင်အဖြစ် အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီပေါ်နေတဲ့ အင်္ကျီအနီဘောင်းဘီ အဖြူဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။   “ရန်ကုန်တိုင်းသေဒကြီး စမ်းချောင်းမှဖမ်းမိတဲ့ PDF ခေါင်းဆောင်ပါဗျ သူ့ရဲ့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ တွေက်ိုလည်း ရှိုးလိုက်ပါအုံးတစ်ချက်လောက်”လို့ရေးသားပြီး “မြေလတ်သား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Google မှာဓာတ်ပုံရှာနည်အသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ရှာဖွေတွေ့ရှိတဲ့ ရလာဒ်တွေထဲက အစောဆုံးပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ဆန်းစစ်ကြည့်ရာမှာ “Pahina ni […]

Continue Reading

Fact Check: ကိုဗစ်ပျောက်ဖို့ ဘုန်ကြီးပြုတ်ရေလုပ်နေတာလား-မဟုတ်ပါ

မီးထိုးထားတဲ့ ဒယ်အိုးတစ်အိုးပေါ်မှာ ဘုန်းကြီးတစ်ပါးထိုင်နေဓာတ်ပုံတစ်ပုံနဲ့အတူ ကိုဗစ်-၁၉ ပျောက်ဖို့အတွက် ဘုန်းကြီးပြုတ်ရည်သောက်ဖို့အတွက် ဘုန်းကြီးကို အတင်းဝိုင်းထမ်းခေါ်လာပြီး ဒယ်အိုးနဲ့ ပြုတ်နေပုံအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  ဒီလိုမျှဝေမှုဟာ ဟာသသဘောဖြစ်သော်လည်း နားလည်မှုလွဲစေနိုင်တာတွေ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် ကိုဗစ်-၁၉နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “မိုက်ရိုင်းလိုက်ကြတဲ့ တောသားတွေကွာ…😡 ဘယ်ကောင်မြှောက်ပေးလိုက်လည်းမသိဘူး ကိုဗစ်ပျောက်ချင်ရင် ဘုန်းကြီးပြုတ်သောက်ရတယ်ဆိုပီး….သူဟာသူ နေမကောင်းလို့လှဲနေတဲ့ ရွာဦးကျောင်းက ဆရာတော်ကို အတင်းဝိုင်းထမ်းခေါ်လာပီး လူပုံအလယ် မိုးပြဲဒယ်ထဲထည့်ပြုတ်နေကြတာ… ဆရာတော်ခမျာ လက်အုပ်ခလေးချီပီးတောင်းပန်ရှာပါသေးတယ်… ဒါပေမယ့် တောသားတွေက မရတော့ဘူး ကိုဗစ်ပျောက် ချင်တယ်..ဘုန်းကြီးပြုတ်သောက်မယ်ဆိုတာချည်းဘဲ…😡😡”စသည်ဖြင့် ရေးသားပြီး “Mee Nge”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading

Fact Check: NUGက ပိုက်ဆံထုတ်မယ်ဆိုတာ မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေရန် စီစဉ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  ဒီပို့စ်ဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေကို နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီသတင်းဟာ မှားယွင်းကြောင်း မဇ္ဈိမမီဒီယာကို ဖြေကြားထားတာတွေ့ ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ “NUG money ထုတ်ဝေတော့မည်”လို့ ခေါင်းစဉ်တပ်ထားပြီး ငွေစက္ကူထုတ်လုပ်မှုမှာ ဒေါက်တာဇော်ဝေစိုးက ဉက္ကဌအဖြစ် တာဝန် ယူမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ငွေစက္ကူမှာ အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေးစာသား လုံခြုံရေးကြိုးပါဝင်မှာဖြစ်ပြီး ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက် […]

Continue Reading

Fact Check: KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့နေတဲ့ ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျှက်ရှိပါတယ်။ မျှဝေထားတဲ့ ဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် အချို့က တောတွင်းတစ်နေရာက တဲအိမ်တွေကို မီးရှို့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စွန့်ခွာသွားတဲ့ ခုတ်ခွားစခန်းကို မီးရှို့ဖျက်စီးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNLAတပ်မဟာ5နယ်မြေရှိ ထေရဝါဒကိုးကွယ်သူရွာများ စာသင်ကျောင်းများကို GZများPDFများKNLAမှအကြမ်းဖက်များမီးရှို့ဖျက်ဆီး”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link တူညီစွာမျှဝေထားတဲ့ ဗွီဒီယိုတွေထဲက ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရွာဟုတ်မဟုတ်၊ […]

Continue Reading