
ဘီးလင်းလွှတ်တော်အမတ် ဒေါ်သီရိရတနာဟာ လက်နက်ကြီးထိမှန် သေဆုံးသွားပြီးဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းပါတယ်။
“Aye Min Tun – Mon Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂၅၀ ကျော်ရှိတဲ့ ပျံနှံ့ခဲ့တဲ့ ပို့စ်ပါ ရေးသားချက်များထဲက ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ဘီးလင်းအမတ် သီရိရတနာဟာ KNU တပ်မဟာ ၁ တပ်မှူးဗိုလ်မှူး စောပလေ့နဲ့အတူ တောခိုသူတွေကို ထောက်ပံ့တဲ့ CRPH ရဲ့ ထောက်ပံ့ငွေကိစ္စ သွားရောက်ရှင်းလင်းပြီးအပြန် ဘီးလင်းမြို့နယ် ရွှေကြည်နောင် ကတုတ်ကျေးရွာအနားမှာ ဧပြီလ ၂၈ ရက်နေ့မှာ တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းဖြစ်တဲ့ ခမရ ၅၆၀ နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ကာ RPG စထိမှန်ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်။
တိုက်ပွဲဖြစ်ပွားစဉ် သီရိရတနာအနားကို RPG ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးခေါင်းနဲ့ နံရိုးကြား RPG စ ထိမှန်ပြီး တပ်မဟာ ၁ က တပ်မှူး ဗိုလ်မှူးစောပလေ့ကိုတော့ RPG စ ပေါင်မှာ ထိမှန်လို့ ဒဏ်ရာအသီးသီးရခဲ့ကြတယ်။ သီရိရတနာဟာ အဲ့ဒီစိုးရိမ်ဒဏ်ရာနဲ့ပဲ သူတို့ပြန်လည်ဆုတ်ခွာသွားတဲ့ ဘီးလင်းမြို့နယ်မြစ်ကျိုးမှာ သေဆုံးသွားလို့ အဲ့ဒီမှာဘဲ သင်္ကျိုလိုက်တယ်။ KNU ဘက်က အကျအဆုံးများခဲ့ပါတယ်။”စသည်ဖြင့် “Aye Min Tun – Mon Gyi”အမည်နဲ့အကောင့်က ရေးသားထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒေါ်သီရိရတနာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ မေ ၁၅ ရက်က သေစေချင်နေတဲ့ သူတွေရှိတဲ့အခါ မသေအောင် ဂရုစိုက်ရတာကလည်း တိုက်ပွဲပါပဲလို့ ရေးသားပြီး သူမရဲ့ ဓာတ်ပုံနဲ့ အတူ မျှဝေလာ တာတွေ့ရပါတယ်။
“ကိုဌေးမြိုင်ရေ….
ရန်သူကသေစေချင်တဲ့အခါ
မသေအောင်နေပေးရတာလဲ
တိုက်ပွဲတစ်ခုဗျ။
ဗန်းမော်တင်အောင်
အားလုံးကိုသတိရလျက်
သီရိ ရတနာ
၁၅.၅. ၂၀၂၁”လို့ သူမရဲ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ယနေ့ရေးသားခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Thiriyadanar | Archive link
သုံးသပ်ချက်
ဘီးလင်းလွှတ်တော်အမတ် ဒေါ်သီရိရတနာဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားပြီးဆိုပြီး ရေးသားမျှဝေနေတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။