Fact Check: ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်

Misleading Politics

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ မှာ တော်လှန်ရေး လူငယ်အမျိုးသား အမျိုးသမီး ၄၅၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ဗွီဒီယိုဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။  

 “ကဲTGကရုပ်သံကြည့်ကျပါ

တောခိုမိဘတွေ

KNLAတပ်မဟာ5ကိုဝင်ရှင်းတော့

အစုလိုက်အပြုံလိုက်ကျားမရောရာသတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေက

မြေမြှုပ်ပေးရတယ်

မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ

Kmh”လို့ရေးသားပြီး “စနေသား ဘီလူးနတ်ခတ်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်း မျှဝေ ထားပါတယ်။ GZ ဆိုတဲ့စကားလုံးဟာ စစ်အာဏာသိမ်းမှုကိုမလိုလားတဲ့ လူငယ်တော်လှန်ရေးအင်အားစုကို ဆိုလိုတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ ရေးသားမျှဝေထားတဲ့ နောက်ထပ်ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ရွံ့ညွှန်တွေ လူးနေတဲ့ ရုပ်အလောင်းတွေကိ အနီးကကျင်းတစ်ခုထဲကို ဆွဲချနေပုံကို ရိုက်ကူးထားကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ 

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ ဒီဖြစ်စဉ်ဟာ မီဒီယာတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့တဲ့ ဇွန်လအတွင်းက မြဝတီခရိုင် ကနဲလေး ကျေးရွာအနီးမှာ  လမ်းလုပ်သား အရပ်သားတွေ သတ်ဖြတ်မှုလို့ မြန်မာစစ်တပ်ဘက်က စွပ်စွဲထားတဲ့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO) က စစ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်ပါတယ်။

“အရပ်သား ၂၅ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး KNDO ကို စုံစမ်းစစ်ဆေးမည်ဟု KNU ထုတ်ပြန်”လို့ ခေါင်းစဉ်တပ် ရေးသားထားတဲ့ Burma News International သတင်းဌာနက သတင်းတစ်ပုဒ်မှာ ဒီဗွီဒီယိုထဲက မြင်ကွင်းနဲ့ အလားသဏ္ဌာန်တူ ဓာတ်ပုံကိုသုံးစွဲထားတာတွေ့ရပါတယ်။ KNDO ကတော့ သတ်ဖြတ်ခံရသူတွေဟာ မြန်မာစစ်တပ်က စစ်သားတွေလို့ အခိုင်အမာ ပြောပါတယ်။

မူရင်းလင်ခ့် – BNIArchive link

ဗွီဒီယိုပါ မြင်ကွင်းနဲ့ Burma News International သတင်းဖော်ပြချက် ဓာတ်ပုံပါ မြင်ကွင်းကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ  ဗွီဒီယိုပါအကြောင်းအရာဟာ ကနဲလေးကျေးရွာအနီးမှာ KNDO ရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းခံရတဲ့ မြန်မာစစ်တပ်က စစ်သားအချို့ဖြစ်ပါတယ်။

Avatar

Title:ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *