Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား

မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။ “ကုလသမဂ္ဂက မြန်မာသံအမတ်ကြီး ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading

Fact Check: ကိုမင်းကိုနိုင် မြဝတီမှာဖမ်းဆီးခံရဆိုတဲ့သတင်းမှား

စစ်တပ်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မြဝတီမြို့မှာ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား တစ်ခုဖြစ်ပါတယ်။ “မင်းကိုနိုင်(ခ)ခေါကြီးအား အမှတ် 3ရပ်ကွက် ကြံခင်းလမ်း ငွေကြယ် စင်ဖုန်းဆိုင် လမ်းကြားသို့မဟုတ်  ကရင်စာပေခြံနောက် 5လမ်း မြဝတီ မြို့တွင် ယခု 19း50တွင်ဖမ်းဆီးရမိ”လို့ ရေးသားပြီး “ဇော် မင်း လွင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၁၇ ရက်ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေက နိုင်ငံရေးအကျပ်အတည်းကြောင့် ကောလာဟလထုတ်လွှင့်ပြီး လူထု ကို အာရုံလွှဲတာဖြစ်နိုင်ကြောင်းနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကိုမင်းကိုနိုင်ကအတည်ပြုတယ်လို့ Khit […]

Continue Reading

Fact Check: အကြမ်းဖက်မှုတွေအတွက် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တဲ့သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်က အကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီးအပြစ်တင်ထားတဲ့သတင်းတု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်သတင်းကို ဓာတ်ပုံရိုက်ထားဟန်ပို့စ်မှာ ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီးမှာ ပြောခဲ့တာလိုဆိုပြီး သူ့ရဲ့ပြောကြားချက်အနေနဲ့ “ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်း တွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ […]

Continue Reading

Fact Check: KIA ရုံးချုပ် လိုင်ဇာက သိမ်းဆည်းရမိတဲ့လက်နက်တွေ ဓာတ်ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ လိုင်ဇာမြို့က ကာကင်းကုန်း ၃ ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိတဲ့အခြေအနေဆိုကာ တန်းစီထားတဲ့ လက်နက်ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ ၄ ပုံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကတည်းက အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့လျှက် ရှိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “တပ်မတော်၏ထိုးစစ်ကြောင့် အကြမ်းဖက် kia အဖွဲ့ခေါင်းဆောင် အင်ဘန်လှ  တရုတ်နိူင်ငံ ခွေးမှင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပြီး  လိုင်ဇာမြို့ရဲ့ ကာကင်းကုန်း(၃)ကုန်းကို တပ်မတော်က သိမ်းပိုက် အပြီးမြန်မာ့တပ်မတော်ကို အလှူကြီးပေးခဲ့တဲ့ဓါတ်ပုံတွေကို အခုလိုတွေ့ရပါတယ် ၊ ဒီလက်နက်တွေကို ရှမ်းနီ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပေးအပ်သွားမယ်လို့သိရပါတယ် ၊ Aung Min”လို့ ရေးသားပြီး “ထွန်း ထွဋ် ဝင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ […]

Continue Reading

Fact Check:  စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့

ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။ ” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး  ဓာတ်ပုံဟောင်းကို အသုံးပြုပြီး  “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား

ရှေးဟောင်းအမွေအနှစ် မြောက်ဦးနန်းမြို့ရိုးဟောင်းကို ရခိုင့်တပ်တော်(AA)က ဗုံးဖောက်ခွဲပြီး ဖျက်ဆီးပစ် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမတွေ့ရပါဘူး။ “AA မှ မြောက်ဦးနန်းမြိုရိုးဟောင်းအား ဗုံးခွဲဖျက်ဆီး မြောက်ဦး နန်းမြိုရိုးဟောင်းကို AA က ဒီမနက် ၉ နာရီ ၂၀ ခန့်က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ရိုးရာ ရှေးဟောင်းအမွေအနှစ်ကို အခုလို ဖောက်ခွဲဖျက်ဆီးတာဖြစ်ပါတယ်။ မြောက်ဦးမြိုထဲမှာလည်း AA အဖွဲတွေ အများအပြားရောက်ရှိနေပြီး မြောက်ဦးမြိုကို မီးရှိဖို လုပ်နေတယ်လို သိရတယ်။ ဒီလုပ်ရပ်တွေကို AA က လုပ်ပြီး တပ်က လုပ်တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ထွန်းမြတ်နိုင် ကလည်း တပ်က အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ပြောဆိုထားတာနဲ့မကြာခင်မှာ […]

Continue Reading

Fact Check:  AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA  )‌တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။  ” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ‌ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” […]

Continue Reading

Fact Check: NUG အတွက်လက်နက်မှောင်ခိုသွင်းသူ Mr.Notorious Dutch ဖူးခတ်မှာဖမ်းမိဆိုတဲ့သတင်းတုသတင်းမှား

 NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည်တစ်ဦးကို ဖမ်းမိပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံး ပြုသူတွေအကြာမှာ ပျံ့နှံ့လျှက်ရှိပါတယ်။ Mr.Notorious Dutch လို့ခေါ်တဲ့ လက်နက်ပွဲ စားကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဖမ်းမိတာဖြစ်ပြီး သူနဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန် တစ်ဦးရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှထုတ်ဖော်ရရှိတယ်လို့လည်း ရေးသား ထားပါတယ်။ သတင်းတုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ Screenshot ကတော့ ဩဂုတ် ၂၇ ရက်က မျှဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်း အရာဖြစ်ပါတယ်။ “NUG အတွက် လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူစပိန်လက်နက်မှောင်ခိုကုန်သည်တစ်ဦးအား ဖူးခက်ကျွန်းတွင် ဖမ်းမိ၊ ၎င်းနှင့် လျှို့ဝှက်ချိတ်ဆက်နေသောမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦး၏ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှ ထုတ်ဖော်  ၂၀၂၁ ၊ စက်တင်ဘာ  ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Dusit Patra […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား        

​ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာကနေပြန်လွတ်ပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ ။ပြည်သူတွေ မျက်ရည်ပါကျတယ်”လို့ ရေးသားပြီး “Third News ll” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အတူ ဒီဗွီဒီယိုကို တူညီစွာရေးသားပြီး “Today new”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းမျှဝေထားရာ ဒီဗွီဒီယိုပြန်လည်မျှဝေမှုပေါင်း ၃၀၀၀ ကျော်၊ ဗွီဒီယိုကြည့်ရှူ့မှုပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်တပ်အလိုကျတည်ထောင်ထားတဲ့ အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ […]

Continue Reading