Fact Check: ဉပုသ်စောင့်၊ အလှူလုပ်ဖို့ ဘုန်းကြီးကျောင်းသွားရင် ထောက်ခံချက်ရမှ သွားရမယ်လို့ သတင်းမှားဖြန့်ဝေ

ဗုဒ္ဓဘာသာဝင်တွေ ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စဆောင်ရွက်လိုပါက ရပ်ကွက်ရုံးနဲ့ ဗလီဆရာများ ထောက်ခံချက်ရမှ ခွင့်ပြုတော့မယ်လို့ လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကိုပုံနှင့်တကွ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓဘာသာဝင်များသွားရောက် ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စ ဆောင်ရွက်လိုပါက ရပ်ကွက်ရုံး သို့မဟုတ် ဗလီဆရာများ သို့မဟုတ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက်ယူပြီးမှ သွားခွင့်ပြုတော့မည်ဟု သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်တော့မယ်လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို Fact Crescendo Myanmar ကို ဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး။ သတင်းမှားပါ။ […]

Continue Reading

Fact Check: NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေ

NLD ပါတီကတာဝန်ရှိသူတွေဟာ တိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ထုတ်ပြီး မြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ လူမှုကွန်ယက်မှာ အသုံးပြုသူ ထောင်ဂဏန်းက မျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ ဒီလိုလုပ်ဖို့အတွက် NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇော်မြင့်မောင် ဟာ ” ဝ ” စစ်ရေး တာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ၊ ကိုးကန့် နယ်မြေ တာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး ပြီးတယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ” တပ်မတော်သားများ ဂရုစိုက်ကြပါ “ ======================== […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading

Fact Check: NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင်တွေက ကိုယ်ပိုင်ရဟက်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုပြီး RFM (Radio Free Myanmar)အမှတ်တံဆိပ်နဲ့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ RFM (Radio Free Myanmar)ဆိုတဲ့ အမှတ်တံဆိပ်နဲ့ “NLDတွေ ထွက်ပြေးဖို့ အပြင်းအထန်ပြင်”လို့ ခေါင်းစဉ်တပ်ထားပြီး “ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅ ကထက်အင် အနိုင်ရတယ်လို့ မဖြစနိုင်တဲ့စရင်းဇယားတွေနဲ့ အာဏာကို အဓမ္မတည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့တဲ့ NLDတွေဟာ တိုင်းပြည်ဘဏ္ဍာ ငွေတွေကို ထင်တိုင်းသုံးပြီး ကိုယ်ပိုင်ရဟတ်ယာဉ်များနှင့် ထွက်ပြေးအပြင်းအထန်ပြင်ဆငင်နေကြောင်း လူမှု့ကွန်ယက်တွင်ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော Leonard အမျိုးအစားရဟတ်ယာဉ်နောက်ထပ် ၂စီးကို ဒီဇင်ဘာ (၁၇)ညသန်ကျော်မှ ကားများဖြင့် ခိုးယူးသယ်ဆောင်လာသည်ကို‌တွေ့ရသည်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် – […]

Continue Reading

Fact Check: ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ မဲခိုးကြောင်းဝန်ခံ၍ မွှေမွှေ ပေါက်ကွဲနေပြီ အစိမ်းရောင်များ စေတနာမှန်တဲ့ ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ […]

Continue Reading

Fact Check: NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်တွင်းရေးပြဿနာတွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ကာ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာတရားရုံးကို တိုင်တန်းထားပြီး ကုလသမဂ္ဂတပ်တွေနဲ့ တပ်မတော်ကိုတိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့အချက်အပါဝင် အချက်အလက်မခိုင်မာတဲ့အချက်အမြောက်အများကို အခြေပြုပြီး တပ်မတော်ထေက်ခံသူအချင်ချင်းကြား လှုံဆော်ဟန်နဲ့ရေးသားထားတဲ့ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မိုက်ရိုင်းလိုက်တဲ့ NLD”လို့ ခေါင်းစဉ်တပ်ထားပြီး “ခုပဲ သိရလို့ သိသိခြင်း မျှဝေလိုက်ရပါသည်။ ဒါ့ကြောင့် အချိန်ဆွဲနေမှန်း ခုမှသိတော့တယ် …၁။ မဲလိမ်လည်မှု မပေါ်ပေါက်ရအောင် လူသုံးယောက်ကို အစဖျောက်ထား လိုက်တယ် -၂။ နိုင်ငံတော်ပိုင်ငွေကြေး ဘီလျံရာကျော်ကို အလွဲသုံးစားလုပ်ထားတာ မပေါ်ပေါက်အောင် ကိုဗစ်နဲ့ ဖုံးကွယ်နေတယ် -၃။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတယ် ၄။ ပြည်တွင်းရေးပြသနာကို ကမ္ဘာသိအောင်ချပြပြီး သူ့ကိုမြန်မာ့တပ်မတော်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ […]

Continue Reading

Fact Check: မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်း စဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချလိုက်တဲ့အတွက် သီရိလင်္ကာတရားရုံးချုပ် မီးလောင်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချပြီးနောက် သီရိလင်္ကာနိုင်ငံက တရားရုံးချုပ် အဆောက်အဦးဟာ မီးလောင်ကျွမ်းခံရတယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားတာတွေ့ရပါတယ်။ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်တယ် ဆိုပြီးတော့ သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်မီးလောင်နေပုံကို ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေထားတာဟာ မှားယွင်းတာတွေ့ရပါတယ်။ သီရိလင်္ကာတရားရုံးချုပ်မီးလောင်တာဟာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပြီး ကိုဗစ်နဲ့ ကွယ်လွန်သူတွေကို မီးရှို့ဖို့ဆုံးဖြတ်ချက်ဟာ သီရိလင်္ကာမှာ မတ်လအစောပိုင်းကတည်း ချမှတ်ခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “သီရိလင်္ကာတရားရုံးချုပ် အဇားဗ်ကျပါပြီ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် […]

Continue Reading

Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]

Continue Reading

Fact Check: နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ်အမှုဆောင်က ဆက်ကြေးကောက်တယ်လို့ သတင်းမှားထပ်မံဖြန့်ဝေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးဆီကနေ  နာဂလက်နက်ကိုင်အဖွဲ့ NSCN(K) အတွက် ကျပ် သိန်း ၇၅၀ ကို ဆက်ကြေးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်မှုဆောင်တစ်ဦးက တောင်းယူခဲ့ တယ်ဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့ တာတွေ့ရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာစတင်ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ) ညီအောင်းဟာ NSCN(K)အဖွဲ့ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့  ဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး ဆက်ကြေး သိန်း ၇၅၀ တောင်းခံ သွားတယ်လို့ ရေးသားထားပြီး NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ကလည်း ဒီသတင်းကို အတည်ပြုတယ်လို့ ရေးသားမျှဝေထားတာဖြစ် ပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သတင်းပုံစံနဲ့ […]

Continue Reading