Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲက Facebook ကို ရှုတ်ချတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို လက်ရှိအဖြစ်အပျက်သဖွယ် မျှဝေနေ

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေး စွက်ဖက်တဲ့အတွက် ဖေ့စ်ဘွတ်(Facebook)ကို ဆန္ဒပြရှုတ်ချတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မဲရုံမှူးဆရာ ဆရာမ ကိစ္စ၊ UEC ကိစ္စ၊ အကြည်တော်ကိစ္စတွေအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြနေ ကြပြီးလို့ ရေးသားမျှဝေထားတာဖြစ်ပြီး အမျိုးသားအချို့က “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”လို့ စာတန်းနဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ သို့သော်လည်း“မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ် ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ  ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တွေ […]

Continue Reading

Fact check: ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုလုပ်တာကြောင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုတရားလွှတ်တော်ရုံးက ဇန်နဝါရီလ ၂၅ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတယ်ဆိုပြီး RFM (Radio Free Myanmar)တံဆိပ်နဲ့ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သမ္မတဝင်းမြင့်ပထမဆုံးသူခိုးအဖြစ်သမိုင်းဝင်ပြီ”လို့ ခေါင်းစဉ်တပ်ထားကာ RFM (Radio Free Myanmar)တံဆိပ်နဲ့ရေးသားထားတာကို ယခုလိုပြန်ရေးသားထားပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲများကို ပက်ပက်စက်စက်ခိုးမှု့များ ပေါ်ပေါက်၍ ၎င်းခိုးမှု့အတွက် အဓိကတရားခံများဖြစ်သောသူခိုးများကို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှု့ဆင့်ခေါ်စာထုတ်ပြန်၍ ၂၅-၁-၂၀၂၀ နေ့တွင် Zoom meeting မှ တဆင့်အမှု့ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်။ “မဲခိုးတယ်ဆိုတာကို လူတွေကပေါ့ပေါ့လေးနားလည်တဲ့သဘောရှိနေတယ်။ တကယ်က မဲခိုးတယ်ဆိုတာက နိုင်ငံသားတွေရဲ့အနာဂါတ်ကိုခိုးတာလေ၊ ကိုယ့်ကိုမထောက်ခံဘဲ […]

Continue Reading

Fact Check: ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတုတွေ ဖြန့်ဝေနေတဲ့ Newpowermedia

Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့် ဝေမှုတွေပြုလုပ်ကာ ပျံ့နှံ့မှု အားကောင်းလာတာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ “အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သား ဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်လျှက် သတင်း တစ်ခုကို ဇန်နဝါရီ ၁၁ ရက်က ရေးသားမျှဝေခဲ့ရာမှာ နာရီအနည်းငယ်အတွင်း ပြန်လည်မျှဝေသူ ရာဂဏန်းဝန်းကျင်ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းမှာ ဒေါက်တာဇော်မြင့်မောင်က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောကြားသလဲဆိုတဲ့ ပြောကြားချက်မျိုးအပါအဝင် သတင်းတစ်ပုဒ်မှာ ရှိအပ်တဲ့ အင်္ဂါရပ်တွေမပါဝင်တာကိုလည်း Fact Crescendo Myanmar က သတိပြုမိပါတယ်။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလို အလားတူသတင်း ဖော်ပြချက် မျိုးမတွေ့ရှိရပါဘူး။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တစ်ခုကိုအောက်ပါ အတိုင်းတွေ့ရ […]

Continue Reading

Fact Check: “သူခိုး”အမည်နဲ့ ဝတ္ထုစာအုပ်အတွက် ဦးသိန်းထွန်းဦးက တရားစွဲ မယ်ဆိုတာမဟုတ်ပါ

ရွေးကောက်ပွဲကာလအတွင်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားတွေ ဖန်တီးမျှဝေခဲ့ကြရာမှာ အချို့သောအကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီးမှာ အချိန်ကာလနဲ့ ကိုက်ညီအောင် ရေးသားပြီး ထပ်မံမျှဝေနေတာတွေ့ရပါတယ်။ ဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP)က ဦးသိန်းထွန်းဦးက ဟာသဝတ္ထုစာရေးဆရာ အကြည်တော် ကို သူရေးတဲ့ဝတ္ထုအတွက် တရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ အဓိက အကြောင်းအရင်းဟာ အကြည်တော်ရဲ့ “သူခိုး”အမည်နဲ့ စာအုပ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ရရှိလို့ ဦးသိန်းထွန်းဦးက တရားစွဲ ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာကို Fact Crescendo Myanmar တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “#အကြည်တော်ဘက်လှည့်သွားပြန်ပြီ မိမိတို့ပြည်ခိုင်ဖြိုးပါတီ NLD […]

Continue Reading

Fact Check: ဝက်လက်ရွေးကော်က ၂၀၂၀မဲလက်မှတ်တွေကို ၂၀၁၅မဲလက်မှတ်တွေနဲရောပြီး ဖျတ်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား

ယခုရက်ပိုင်းအတွင်းမှာ မဲစာရင်းနဲ့ မဲစာရွက်အထောက်အထားတွေ မီးရှို့ဖျက်ဆီးတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေမှုအားကောင်းနေတာတွေ့ရပါတယ်။ ယင်းတို့အထဲမှာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၁၅ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ထိန်းသိမ်းဖို့နေရာအခတ်ခဲရှိတာကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က မီးရှို့ဖျတ်ဆီးရာမှာ ၂၀၂၀ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ရောပြီး ဖျက်ဆီးလိုက်တယ် ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာ”***ရွှေမြင်သာအမှိုက်ကျင်း ကတောက်ခေါက်သံ***စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် **ဝက်လက်မြို့** 6-1-2021 နေလည် ဆယ့်တစ်နာရီ ကျော်မှာ ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ရွေးကောက်ပွဲ မဲလက်မှတ်များ မီးရှော့ဖျတ်စီးရာတွင် မဲလက်မှတ်များထည့်ထားသော ပီနံအိပ် ၃၂၇ အိပ်ထဲမှ ၂၀၂၀ ရေးထိုးထားသော ချိတ်ပိတ်ထားသည့် ပီနံအိပ် ၂၈ အိပ်ပါဝင်နေပါသည်။ အသည်းကြားကမဲတစ်ပြားပေါင်းများ စွာထည့်ထားတဲ့ ဒီအိတ်ကြီးတွေက သူဟာသူ […]

Continue Reading

Fact Check: ကရင်တွေ စစ်တပ်ကို ထောက်ခံနေပုံလား-မဟုတ်ပါ

ကရင်အလံ၊ကရင်ဘာသာနဲ့ရေးသားထားတဲ့ စာတမ်းဓာတ်ပုံတစ်ချို့နှင့် ကရင်တွေက စစ်တပ်ထောက်ခံ ပွဲလုပ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာ  တပ်စခန်းများ ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ဒေသခံတွေ ဆန္ဒပြနေပုံဖြစ်တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “NLDတွေ အထုပ်ပြင်ထားတော့ကွာ  ရွှေကရင် တွေကလဲ စစ်တပ်ကို ထောက်ခံကုန်ပြီး ဟေ့ ကုလားတပ်စိတ်နီပိန်းတွေ ပြေးလမ်းရှာထားကွ”လို့ရေးသားပြီး “ဖိုးသွန်းငယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ စစ်တပ်က လမ်းဖောက်လုပ်တာရပ်ဆိုင်းဖို့အတွက် ဖာပွန်ခရိုင် လူသောမြို့က ဒေသခံတွေ ဒီဇင်ဘာလ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် မဲသမာမှုလုပ်တာကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြသလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲမသမာမှုလုပ်ရပ်တွေကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြနေပြီဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “၂၆ . ၁၂ . ၂၀၂၀ ရက်နေ့၊ ၀၈ နာရီ ယနေ့ည နိုင်ငံတကာသတင်းမှာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ မဲ မသမာမှု သတင်း # # # # # ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲခိုးမှုသတင်းဟာ ယနေ့ညမှာ မြန်မာမှ ကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိကြောင်းပါတဲ့…”လို့ ရေးသားထားပြီး မြန်မာ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြခဲ့တာကို Screenshotရိုက်ကာ ပို့စ်တင်ထားတာကိုတွေ့ရပါတယ်။မူရင်းပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ဒီပို့စ်ပါအကြောင်းအရာကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာ ပြန်လည်ကူးယူမျှဝေနေတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ […]

Continue Reading